ဂါဇာက အစ္စရေးစစ်တပ်ရဲ့ ဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းတွေ

ဗီဒီယို ပုံစာ, ဂါဇာက အစ္စရေးစစ်တပ်ရဲ့ ဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းတွေ
ဂါဇာက အစ္စရေးစစ်တပ်ရဲ့ ဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းတွေ
ရေးသားခဲ့သည်။

ဂါဇာတောင်ပိုင်းက ဆေးရုံတစ်ခုမှာ ပါလက်စတိုင်း ၆ယောက်နဲ့ ဘီဘီစီ အာရဘီ ဘာသာစကားဌာနက သတင်းထောက်တို့တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အစ္စရေး စစ်တပ်ရဲ့ တစ်လနီးပါး ဖမ်းဆီးထားမှုကို ခံခဲ့ရပြီး။ ဖမ်းဆီးခံရစဉ်မှာ ရိုက်နှက်ခံခဲ့ရပြီး လုံလောက်တဲ့ အစာရေစာလည်း မရရှိခဲ့ဘူးလို့ ပြောကြပါတယ်။ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို သံသယ ရှိသူတွေ အဖြစ် အစ္စရေး စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံနှံ့ သွားခဲ့ပြီးနောက်မှာ သူတို့ရဲ့ ထွက်ဆိုချက်တွေ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ အစ္စရေး စစ်တပ်ဘက်ကတော့ ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်ဆိုပြီး ဘီဘီစီကို အကြောင်းပြန်ပါတယ်။ ရာဖာမြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် အက်နမ် အယ်လ် ဘာ့ရှ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။