အစ္စရေး အမျိုးသမီးတွေကို ဟားမက်စ်တွေရဲ့ အဓမ္မပြုကျင့်မှုတွေ

ဗီဒီယို ပုံစာ, အစ္စရေး အမျိုးသမီးတွေကို ဟားမက်စ်တွေရဲ့ အဓမ္မပြုကျင့်မှုတွေ
အစ္စရေး အမျိုးသမီးတွေကို ဟားမက်စ်တွေရဲ့ အဓမ္မပြုကျင့်မှုတွေ
ရေးသားခဲ့သည်။

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်းမှာ အစ္စရေး အမျိုးသမီးတွေကို ဟားမက်စ်တွေက အဓမ္မကျင့်တာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ခဲ့တယ်ဆိုတာတွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။

နာရီပေါင်း ၆သောင်းကျော်လောက်ရှိတဲ့ ဗီဒီယို အထောက်အထားတွေ၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးမှာ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြသူတွေရဲ့ ထောင်နဲ့ချီတဲ့ သက်သေခံထွက်ဆိုချက်တွေကို အစ္စရေး စုံစမ်းရေးမှူးတွေက စစ်ဆေးပြီးနောက်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆန် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။