ပလက်ဝကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ပလက်ဝကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ရေးသားခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ပြုလုပ်သွားမယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန် ကြေညာပြီး မကြာခင်မှာပဲ ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင့် တပ်တော် (AA)က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်ဟာ အိန္ဒိယနယ်စပ်နဲ့ ရခိုင်ပြည်နယ့်ကိုဆက်စပ်ထားတဲ့နယ်မြေတစ်ခုဖြစ်ပြီး စစ်ရေးအရအရေးပါသလို ဒေသတွင်း ကုန်စည်ကူးသန်းမှုအပိုင်းမှာလည်း အဓိကကျတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ကိုမိုးမြင့် က ပြောပြပါမယ်။



