မောင်တော နခခ - ၅ စခန်းကို အေအေ သိမ်းပိုက်
မောင်တော နခခ - ၅ စခန်းကို အေအေ သိမ်းပိုက်
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တော နခခ - ၅ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ တပ်ဖွဲ့ဝင်တွေ အာရက္ခတပ်တော် အေအေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ တကျော့ပြန် ရခိုင်တိုက်ပွဲတွေ တစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ ရာထူးအကြီးဆုံး စစ်တပ်အရာရှိလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကိုဇေယျာထွန်းက ပြောပြပေးပါမယ်။



