ရခိုင်မှာ စစ်ကောင်စီက ပြည်သူ့စစ် အင်အားစုဆောင်း

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ပြည်သူ့စစ် အင်အားစုဆောင်း
ရခိုင်မှာ စစ်ကောင်စီက ပြည်သူ့စစ် အင်အားစုဆောင်း
ရေးသားခဲ့သည်။

မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီက ပြည်သူ့စစ် အင်အားစုဆောင်းမှုတွေ ပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းမှာ နေထိုင်သူတွေကို ဒေသအာ ဏာပိုင်တွေက လာရောက်စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့သလို ရန်ကုန်ကနေ ကျောက်ဖြူကို လေကြောင်းလိုင်းနဲ့ပြန်လာကြတဲ့ ကျောင်းသူကျောင်းသားတွေကို စစ်ကောင်စီက ထိန်းသိမ်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုဝေဖြိုး ပြောပြပေးပါမယ်။