ဒုတိယ သမ္မတ ကို ထောက်ခံတယ်လို့ ဂျိုး ဘိုင်ဒန် ပြော

ဗီဒီယို ပုံစာ, ဒုတိယ သမ္မတ ကို ထောက်ခံတယ်လို့ ဂျိုး ဘိုင်ဒန် ပြော
ဒုတိယ သမ္မတ ကို ထောက်ခံတယ်လို့ ဂျိုး ဘိုင်ဒန် ပြော
ရေးသားခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မပြိုင်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ပါတီနဲ့ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပြီး သမ္မတ ရွေးကောက်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဆိုပြီး ဂျိုးဘိုင်ဒန်က ပြောကြားပါတယ်။ နောက်ပြီး ဒေါ်နယ် ထရမ့်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒုတိယ သမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံမှု ပေးထားပါတယ်။ ဒီမိုကရက်တစ် ပါတီက ထိပ်တန်းခေါင်းဆောင်တွေကလည်း ကမ်မလာ ဟဲရစ်ကို ထောက်ခံထားကြပါတယ်။ မစ္စစ် ဟဲရစ် ကလည်း သူ့ အနေနဲ့ ပါတီရဲ့ သမ္မတလောင်း အဖြစ် ရွေးချယ်ခံရဖို့ ကြိုးစားမယ် လို့ပြောကြားပါတယ်။ ကိုဘိုဘိုက ဆက်ပြီး ပြောပြပေးမှာပါ။