ဂါဇာကို ထိုးစစ်ဆင်ဖို့ အစ္စရေးတပ်တွေ ပြင်ဆင်
ဂါဇာကို ထိုးစစ်ဆင်ဖို့ အစ္စရေးတပ်တွေ ပြင်ဆင်
ရေးသားခဲ့သည်။
ဂါဇာထဲကို မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေးစစ်တပ်က ပြင်ဆင်နေပါတယ်။ မနေ့ကလည်း ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အရေးပေါ်ကာလ အစိုးရ အစည်းအဝေးမှာ ဟားမတ်စ်ကို ချေမှုန်းပစ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးလူမျိုး ၁၅၀၀ လောက် သေဆုံးရအောင် တိုက်ခိုက်ခဲ့တဲ ဟားမတ်စ်ကို ယူကေအပါအဝင် အနောက်တိုင်း အစိုးရ တော်တော်များများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ အစ္စရေးဘက်က လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှာလည်း ဂါဇာမှာနေတဲ့ လူပေါင်း ၂၆၀၀ ကျော်သေဆုံးခဲ့ရပြီလို့ အဲဒီက ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကုလသမဂ္ဂကတော့ အဲဒီမှာ မကြုံဖူးတဲ့ ရုတ်တရက် လူ့ကပ်ဘေးဆိုက်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီ နိုင်ငံတကာရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



