ရင်သားကင်ဆာ လက္ခဏာ သက်သာစေမယ့် အားကစား
ရင်သားကင်ဆာ လက္ခဏာ သက်သာစေမယ့် အားကစား
ရေးသားခဲ့သည်။
ရင်သားကင်ဆာကြောင့် ဘေးထွက် ဆိုးကျိုးအနေနဲ့ လက်တွေ ဖောရောင်တာလိုမျိုး၊ မောပန်း နွမ်းနည်းတာလိုမျိုး ကာလရှည် ကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်ပါတယ်။ အဲဒီလို ရောဂါ လက္ခဏာတွေကနေ သက်သာစေဖို့ စပိန်က အမျိုးသမီး တချို့ကတော့ လေးနဲ့ မြားကို အားထားလာကြပါတယ်။ သူတို့က အားတက်လောက်စရာ ရလဒ်တွေ တွေ့ရတဲ့ အကြောင်း ပြောပါတယ်။ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် People Fixing the World က ကလဲဘိတ်စ်က စပိန်တောင်ပိုင်း မာစီယာ မှာ အဲဒီ အမျိုးသမီးတွေနဲ့ သွားရောက် တွေ့ဆုံ သတင်းယူနိုင်ခဲ့ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။



