စိတ်ကြွဆေး မြန်မာ အများဆုံး ထုတ်

ဗီဒီယို ပုံစာ, စိတ်ကြွဆေး မြန်မာ အများဆုံး ထုတ်
စိတ်ကြွဆေး မြန်မာ အများဆုံး ထုတ်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံဟာ စိတ်ကြွဆေး တစ်မျိုးဖြစ်တဲ့ မက်သာဖက်တမင်း ထုတ်လုပ်တဲ့ အကြီးဆုံး နိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက ရှမ်းပြည်နယ်မှာ အခြေစိုက်ပြီး မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုကို အရှိန် အဟုန်နဲ့ တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း (UNODC) က ဆိုထားပါတယ်။ မြေပြင်မှာရော ဘယ်လို အခြေအနေတွေ ကြုံတွေ့နေရပါသလဲ။ အကြောင်းစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။