မြန်မာ ဒုက္ခသည် ပြန်ပို့ရေး မလေးရှား ရွှေ့ဆိုင်း
မလေးရှား နိုင်ငံထဲ လူဝင်မှု ဥပဒေ ချိုးဖောက်မှုတွေနဲ့ ထိန်းသိမ်း ခံထားရတဲ့ မြန်မာ နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး အတွက် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလုပ်ဖို့ နှစ်ဖက် ညှိနှိုင်းထားခဲ့ပေမဲ့ ၊ မလေးရှားနိုင်ငံဘက်က အဲဒီနေ့ရက်မှာ အဆင်ပြေမှု မရှိသေးကြောင်း ပြောလာတာကြောင့် ၊ အခု စက်တင်ဘာ လကုန်ပိုင်းမှပဲ ပြန်လည် စီစဉ်မယ် ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း ပါဝင်နေတယ် ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေအနေနဲ့ လုံခြုံမှုမရှိသေးဘူးလို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။ တကယ်ပဲ အခုလကုန်ပိုင်းမှာ ပြန်ခေါ်မဲ့ကိစ္စ အထမြောက် လာနိုင်ပါသလား။ အကြောင်းစုံကို မရွှေပိုးနီ ပြောပြမှာပါ။



