APEC ထိပ်သီးညီလာခံကြီး ဆန်ဖရန်စစ္စကိုမှာ စတင်
APEC ထိပ်သီးညီလာခံကြီး ဆန်ဖရန်စစ္စကိုမှာ စတင်
ရေးသားခဲ့သည်။
APEC ထိပ်သီးညီလာခံကြီးအတွက် ဆန်ဖရန်စစ္စကိုမြို့ကို တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ရောက်ရှိလာနေကြပါတယ်။ ကမ္ဘာတဝန်း စီးပွားရေးသြဇာ ကြီးစိုးနိုင်ရေး ပြိုင်ဆိုင်နေမှုဟာ တရုတ်နဲ့ အမေရိကန် အပေါ်မှာတင် ရိုက်ခတ်တာ မဟုတ်ပါဘူး။ ဒေသတွင်းက တခြား နိုင်ငံအများအပြားကလည်း သူတို့အပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ အဲဒီထဲမှာ မိတ်ဖက်ဟောင်းနဲ့ မိတ်ဖက်သစ် နှစ်နိုင်ငံကြား ညပ်မိနေသလို သယံဇာတ ပေါကြွယ်ဝပြီး အလျင်အမြန် တိုးတက်လာနေတဲ့ အင်ဒိုနီးရှား နိုင်ငံလည်း ပါဝင်ပါတယ်။ အာရှစီးပွားရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် နစ်ခ် မာ့ရှ် ဂျကာတာမြို့က သတင်းပေးပို့ထားတာကို ကိုဇေယျာက ပြောပြမှာပါ။



