အမ်း အခြေစိုက် နပခ မှာ တိုက်ပွဲပြင်းထန်
အမ်း အခြေစိုက် နပခ မှာ တိုက်ပွဲပြင်းထန်
ရေးသားခဲ့သည်။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် အေအေတို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို စစ်သည်အင်အား လက်နက်အင်အားတွေကိုလည်း လေကြောင်းကနေ ပို့ဆောင်ပေးနေရတယ်လို့ စစ်ရေးအခြေအနေသိသူတွေဆီက သိရပါတယ်။ လက်ရှိမှာ နပခရဲ့ လက်ရုံးတပ်တချို့ကို အေအေဘက်ကသိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီရဲ့ နပခ တိုင်းစစ်ဌာနချုပ်ကြီး တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ကိုတော့ အေအေအတွက် အချိန်ယူရမယ်လို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ ဘာကြောင့်ပါလဲ။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြပေးပါမယ်။



