အပစ်ရပ်ဖို့ ကုလ အရေးပေါ် ပန်ကြားအပြီး ဂါဇာကအခြေအနေ

ဗီဒီယို ပုံစာ, အပစ်ရပ်ဖို့ ကုလအရေးပေါ် ပန်ကြားအပြီး ဂါဇာကအခြေအနေ
အပစ်ရပ်ဖို့ ကုလ အရေးပေါ် ပန်ကြားအပြီး ဂါဇာကအခြေအနေ
ရေးသားခဲ့သည်။

ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပုံတွေနဲ့ ပတ်သက်လို့ အမေရိကန်က ဝေဖန်မှုတွေ ပိုတိုးလုပ်လာခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်း အမျိုးသား အတော်များများကို အတွင်းခံဘောင်းဘီလောက်ပဲ ပေးဝတ်ထားပြီး ဒူးထောက်ခိုင်းထားတဲ့ ပုံတွေ ထွက်ပေါ်လာပါတယ်။ သူတို့ကိုယ်တိုင် အညံ့ခံခဲ့ကြတာလား ဒါမှမဟုတ် အစ္စရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာလား ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း အစ္စရေးက ထုတ်ဖော် မပြောသေးပါဘူး။ ဒါပေမဲ့ ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်နေတယ် ဆိုတာကိုတော့ အတည်ပြု ပြောထားပါတယ်။ နိုင်ငံတကာရေးရာ ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝမ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ မြင်ကွင်းတွေ ပါဝင်ကြောင်း ကြိုတင် အသိပေးပါရစေ။