မေ ၅ ရက် ထိပ်တန်းသတင်းများ-မြန်မာ့အရေး ဖြေရှင်းရေး နောက်ကွယ်က ဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Menteri Luar Negeri Republik Indonesia- Twitter

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ နှစ်နှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ ကူညီပေးဖို့အတွက် အင်ဒိုနီးရှားအစိုးရက နောက်ကွယ်ကနေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာ့အရေးကို အသံကျယ်ကျယ်လောင်လောင်မထွက်တဲ့ သံတမန်ရေးနည်းနဲ့ ဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီက ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရက မြန်မာစစ်ကောင်စီနဲ့ရော၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ပါ သူတို့ စကားပြောဆို ဆွေးနွေးထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်ကိုင် ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေ လျော့ကျလာနေပြီလို့ သတင်းတွေက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတင်ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်ပြီ

2nd anniversary of PDF formation

ဓာတ်ပုံ ရင်းမြစ်, NUG MOD

နိုင်ငံတဝန်း PDF တပ်ရင်းနဲ့ စစ်ကြောင်း သုံးရာခန့်၊ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မြိုန့ယ်ပေါင်း ၂၅၀ ခန့်မှာ ဖွဲ့စည်းထားနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒီကနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတင်ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်ဖမ်းဆီး သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ဘေးရန်ကနေ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကိုကာကွယ်စောင့်ရှောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက်လည်း မျှော်မှန်းပြီးတည်ထောင်ခဲ့တာလို့ ယာယီသမ္မတက ဆက်ပြောပါတယ်။

မိမိတို့အသက်နဲ့ခန္ဓာကိုမြှုပ်နှံပြီး လူထုလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြသူအပေါင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကောင်းတွေဖြစ်အောင် ဝိုင်းဝန်းပျိုးထောင်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကိုလည်း အလေးပြုဦးညွတ်ကြောင်း၊ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာမပါဝင်နိုင်သေးပေမဲ့ မိမိတို့ဒေသတွင်းက ပြည်သူလူထုကို စနစ်ဆိုးအောက်ကနေ ကင်းလွတ်အောင် ကြိုးပမ်းပေးနေတဲ့ ဒေသကာကွယ်ရေးတပ်တွေကိုလည်း လေးစားကြောင်း ပြောကြားသွားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ်နှစ်အတွင်း နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ PDF တပ်ရင်းနဲ့စစ်ကြောင်း စုစုပေါင်း သုံးရာခန့် ဖွဲ့စည်းထားနိုင်ကြောင်း၊ ပြည်သူ့စစ်တာဝန်ကိုထမ်းဆောင်မယ့်ရပ်ရွာအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတွေကိုမြို့နယ်ပေါင်း ၂၅၀ ကျော်မှာဖွဲ့စည်းတည်ထောင်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူအင်အားအရ တိုက်ခိုက်ရေးအင်အားဟာ စစ်တပ်ထက် သာလွန်အင်အားစုဖွဲ့နိုင်ခဲ့ပြီလို့လည်း သူကဆက်ပြောနေပါတယ်။

တူမီးကနေ စခဲ့တဲ့ ဒီတော်လှန်ရေးမှာ အခုအခါ လက်နက်ခဲယမ်းတွေကို အတိုင်းအတာတစ်ခု အထိတပ်ဆင်နိုင်ခဲ့တဲ့အပြင် ကိုယ်ပိုင်ထုတ်လုပ်နိုင်တဲ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ပွဲသိမ်းတိုက်ပွဲဆင်နွှဲနိုင်ဖို့ လက်နက်ခဲယမ်းအခြေအနေကိုရောက်ဖို့တော့ များစွာ ကြိုးပမ်းရဦးမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လေကြောင်းရန်ကို တန်ပြန်ခုခံတိုက်နိုင်ဖို့ ဗျူဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက်ရရှိဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့ ပြောပါတယ်။

ပြည်သူလူထုငြိုငြင်မုန်းတီးတဲ့ အရာတွေကို ရှောင်ရှားဖို့နဲ့ PDF တပ်ဖွဲ့တွေ အချင်းချင်းကြားကောင်းမွန်တဲ့ဆက်ဆံရေးနဲ့အပြန်အလှန် လေးစားမှုတွေမပြတ် ရှိဖို့ လိုအပ်ကြောင်းလည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်ရာမှာ တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေလို့မရကြောင်းနဲ့ ပိုမိုစုစည်းညီညွတ်အားကောင်းတဲ့ စစ်ရေးမဟာဗျူဟာထီးရိပ်တစ်ခုတည်းအောက်မှာ ခုခံတော်လှန်ဖို့လိုအပ်ကြောင်းလည်း သူက တိုက်တွန်းပါတယ်။

အရှိန်မြှင့်တက်လာတော့မယ် တော်လှန်ရေးမှာ ပြည်သူလူထုအနေနဲ့လုံခြုံရေးသတိအသိထားပြီး ပြည်သူကာကွယ်ရေးတပ်မတော်ကို ထောက်ပံ့ပေးဖို့လည်း ယာယီသမ္မတက တောင်းဆိုခဲ့ပါတယ်။

ရှမ်းကယားအစပ် တောင်စလုံးတိုက်ပွဲ ဘယ်လိုအခြေအနေဆက်ဖြစ်နေပါသလဲ။

KNDF

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, KNDF တပ်ဖွဲ့ဝင် ရဲဘော် စန်းမိုးကျော်
KNDF

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, KNDF တပ်ဖွဲ့ဝင် ရဲဘော် တင်အောင်မျိုး

နိုင်ငံတဝန်း PDF တပ်ရင်းနဲ့ စစ်ကြောင်း သုံးရာခန့်၊ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မြိုန့ယ်ပေါင်း ၂၅၀ ခန့်မှာ ဖွဲ့စည်းထားနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒီကနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတင်ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်ဖမ်းဆီး သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ဘေးရန်ကနေ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကိုကာကွယ်စောင့်ရှောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက်လည်း မျှော်မှန်းပြီးတည်ထောင်ခဲ့တာလို့ ယာယီသမ္မတက ဆက်ပြောပါတယ်။

မိမိတို့အသက်နဲ့ခန္ဓာကိုမြှုပ်နှံပြီး လူထုလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြသူအပေါင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကောင်းတွေဖြစ်အောင် ဝိုင်းဝန်းပျိုးထောင်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကိုလည်း အလေးပြုဦးညွတ်ကြောင်း၊ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာမပါဝင်နိုင်သေးပေမဲ့ မိမိတို့ဒေသတွင်းက ပြည်သူလူထုကို စနစ်ဆိုးအောက်ကနေ ကင်းလွတ်အောင် ကြိုးပမ်းပေးနေတဲ့ ဒေသကာကွယ်ရေးတပ်တွေကိုလည်း လေးစားကြောင်း ပြောကြားသွားပါတယ်။

ဒီနှစ်နှစ်အတွင်း နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ PDF တပ်ရင်းနဲ့စစ်ကြောင်း စုစုပေါင်း သုံးရာခန့် ဖွဲ့စည်းထားနိုင်ကြောင်း၊ ပြည်သူ့စစ်တာဝန်ကိုထမ်းဆောင်မယ့်ရပ်ရွာအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတွေကိုမြို့နယ်ပေါင်း ၂၅၀ ကျော်မှာဖွဲ့စည်းတည်ထောင်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူအင်အားအရ တိုက်ခိုက်ရေးအင်အားဟာ စစ်တပ်ထက် သာလွန်အင်အားစုဖွဲ့နိုင်ခဲ့ပြီလို့လည်း သူကဆက်ပြောနေပါတယ်။

တူမီးကနေ စခဲ့တဲ့ ဒီတော်လှန်ရေးမှာ အခုအခါ လက်နက်ခဲယမ်းတွေကို အတိုင်းအတာတစ်ခု အထိတပ်ဆင်နိုင်ခဲ့တဲ့အပြင် ကိုယ်ပိုင်ထုတ်လုပ်နိုင်တဲ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ပွဲသိမ်းတိုက်ပွဲဆင်နွှဲနိုင်ဖို့ လက်နက်ခဲယမ်းအခြေအနေကိုရောက်ဖို့တော့ များစွာ ကြိုးပမ်းရဦးမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လေကြောင်းရန်ကို တန်ပြန်ခုခံတိုက်နိုင်ဖို့ ဗျူဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက်ရရှိဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့ ပြောပါတယ်။

ပြည်သူလူထုငြိုငြင်မုန်းတီးတဲ့ အရာတွေကို ရှောင်ရှားဖို့နဲ့ PDF တပ်ဖွဲ့တွေ အချင်းချင်းကြားကောင်းမွန်တဲ့ဆက်ဆံရေးနဲ့အပြန်အလှန် လေးစားမှုတွေမပြတ် ရှိဖို့ လိုအပ်ကြောင်းလည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်ရာမှာ တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေလို့မရကြောင်းနဲ့ ပိုမိုစုစည်းညီညွတ်အားကောင်းတဲ့ စစ်ရေးမဟာဗျူဟာထီးရိပ်တစ်ခုတည်းအောက်မှာ ခုခံတော်လှန်ဖို့လိုအပ်ကြောင်းလည်း သူက တိုက်တွန်းပါတယ်။

အရှိန်မြှင့်တက်လာတော့မယ် တော်လှန်ရေးမှာ ပြည်သူလူထုအနေနဲ့လုံခြုံရေးသတိအသိထားပြီး ပြည်သူကာကွယ်ရေးတပ်မတော်ကို ထောက်ပံ့ပေးဖို့လည်း ယာယီသမ္မတက တောင်းဆိုခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ အေးမြသာယာညောင်ပင်ကုန်း တံတားအနီးမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ လူငယ်အမျိုးသား နှစ်ယောက်ကိုတွေ့

Pharkant, Kachin State

ဓာတ်ပုံ ရင်းမြစ်, CJ

ဖားကန့်မြို့နယ်၊ အေးမြသာယာ ညောင်ပင်ကုန်း တံတားအနီးမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ လူငယ်နှစ်ဦး ရုပ်အလောင်းကို ဒီနေ့ မေလ ၅ ရက်မနက်ပိုင်းမှာတွေ့ရှိရပြီး ညှဥ်းပန်းနှိပ်စက်ခံရထားတဲ့ ဒဏ်ရာတွေကိုလည်းတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရုပ်အလောင်းတွေကို ဒီနေ့မနက် အစောပိုင်းလောက်မှာ လာပစ်သွားတယ်လို့ယူဆရပြီး ဖားကန့် လူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အခု သေဆုံးသူတွေကို KIA/PDF က သတ်ဖြတ်တယ်ဆိုပြီး စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရန်ချန်နယ်တချို့က ရေးသားဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

“အခုနှစ်ယောက် ကချင်ဘက်က မဟတွေပါ။ မဟ ဆိုတာက ကချင်ပြည်သူ့စစ်ဆိုတာရှိတယ်လေ။ ကလေးနှစ်ယောက်က မလန်းကျေးရွာမှာ ဖမ်းမိတဲ့ကလေးတွေ။ အဲဒါ ကျွန်တော်တို့ ရွာထိပ်က တံတားထိပ်မှာ လာပစ်ချသွားတာ။ ကလေးတွေက မလန်းရွာထဲကတွေဟုတ်တယ်။ အသက် ၂၀ ၀န်းကျင် လောက်တွေပဲရှိတယ်။ တစ်ယောက်ကိုတော့ နားထင်ကနေပစ်ထားတယ်။ တစ်ယောက်ကတော့ လက်ဖျံရိုး ချိုင့်နားမှာပစ်ထားတယ်။ အပေါက်အကြီးကြီးအခေါင်းဖြစ်နေတာ ဆိုတော့ ပစ်သတ်ခံထားရတာဟုတ်တယ်။ နှိပ်လည်း နှိပ်စက်ခံထားရတယ်” လို့ ရုပ်အလောင်းတွေကို သွားရောက်ကြည်ရှုခဲ့တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီစစ်အရာရှိတစ်ယောက်နဲ့ လုပ်ငန်းရှင်တချို့ ဖားကန့်မရှီကထောင်အရပ်က ကေတီဗီ တစ်ခုမှာ ပစ်သတ်ခံရမှုတွေဖြစ်ခဲ့သလို နောက်တစ်ရက် ၂၄ ရက်နေ့မှာတော့ အဲဒီကေတီဗီအရှေ့မှာ အမျိုးသားလူငယ်နှစ်ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် မေလ တစ်ရက်နေ့မှာတော့ ဖားကန့်မရှီကထောင်တံတားထိပ်မှာသေနတ်ဒဏ်ရာနဲ့ အမျိုးသားတစ်ယောက်သတ်ခံရသလို မေလ ၅ရက်နေ့ဒီကနေ့မနက်မှာတော့ အမျိုးသားလူငယ်၂ယောက် သေနတ်ဒဏ်ရာနဲ့သေဆုံးတာကို တွေ့ရတာဖြစ်ပါတယ်။

ရေလဲကျေးရွာမှာ နေအိမ် ၃၀ ကျော် မီးရှို့ခံရ

Shwe Guu, Kachin state

ဓာတ်ပုံ ရင်းမြစ်, CJ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းက သင်္ဘောအင်း၊ မိုးစစ်၊ ရေလဲ၊ ဆင်တပ် စတဲ့ကျေးရွာ တွေဘက်ကို စစ်ကောင်စီစစ်ကြောင်းက ဧပြီလကုန်ခါနီးကတည်းက တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးသွားလာနေပြီး မနေ့ မေလ ၄ ရက်နေ့ ညနေ ၆နာရီခန့်မှာတော့ ရေလဲ ရွာမှာရှိတဲ့ အိမ်ခြေ ၃၀ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ခံရတဲ့ အိမ်တွေဟာ အိမ်ကြီး အိမ်ကောင်းတွေများပြီး ရေလဲရွာက အများဆုံးဖြစ်ပြီး ဆင်တပ်ရွာဘက်ကတော့ နှစ်အိမ်သုံးအိမ်လောက်ပဲ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

အခုလိုအိမ်တွေမီးရှို့တာ စစ်ကြောင်းထိုးတာတွေရှိနေတာကြောင့် ရေလဲ နဲ့မိုးစစ်က ဒေသခံတချို့ကတော့ ရွာပြင်ကို တိမ်းရှောင်နေတာကနေ ဧရာဝတီမြစ်ထဲက မော်တော်ပေါ်မှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

“ရေလဲ ကတော့ သုံးဆယ်ကျော်လောက် အိမ်လောက်မီးရှို့သွားတယ်။ ဆင်တပ်ကတော့ နွားတဲတွေ ပါတယ်။ အိမ်ကတော့ ရေလဲလောက်မများဘူး။ အိမ်တွေဆို တိုင်တွေပဲ ရှိတော့တယ်။ ငိုချင်သလို ရီချင်သလိုဖြစ်နေတာ အိမ်ကြီးတွေဘဲ ရှို့သွားတာ။ မနက်က ပတ်ကြည့်တာ။ အခုက စစ်ကောင်စီစစ်ကြောင်းက ရေလဲကနေ ဆင်တပ်ဘက်ကို မနက် ၃ နာရီလောက်ကနေ ထွက်သွားပြီ” ဒေသခံတစ်ယောက်ကပြောပါတယ်။

ရေလဲဘက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်တွေမီးရှို့တာနဲ့ပတ်သက်လို့ မေ ၅ ရက်မွန်းလွဲပိုင်းထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ရွာတွေဆီသွားတဲ့အခါမှာ ဒေသခံပြည်သူတွေကို ကြိုဆိုစောင့်ဆိုင်းခိုင်းတာ၊ လိုက်ပါပို့ဆောင်ခိုင်းတာမျိုးတွေရှိပြီး မေလ ၄ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းဟာ မိုးစစ်ကနေ ရေလဲရွာကိုအသွားမှာ မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် စစ်ကြောင်းကိုလိုက်ပါပို့ဆောင်တဲ့ ရွာသားနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

အဲဒီနောက် ရေလဲကျေးရွာကဒေသခံတချို့ကို ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြင်းမူနဲ့ ရွှေဘိုမှာ စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

MyinMu, Sagaing

ဓာတ်ပုံ ရင်းမြစ်, မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာ မီးရှို့ဖျက်စီးခံထားရတဲ့မြင်ကွင်းများ

မန္တလေး-စစ်ကိုင်း-မုံရွာလမ်းမကြီး၊ မြင်းမူမြို့နယ်အနီးတဝိုက်မှာ မနေ့ မေ ၄ ရက် မနက်အစောပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတွေက နှစ်ကြိမ် မိုင်း ဆွဲတိုက်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ မြင်းမှု ဒေသကာကွယ်ရေးနဲ့ ပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့ကို အခြေပြုပြီးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ ဒီရက်ပိုင်း စစ်ရေးအရှိန်တိုးမြှင့်ဖို့ရှိတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ရှောင်ဖို့ ပြီးခဲ့တဲ့မေ ၁ ရက်နေ့မှာ မြင်းမူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့ အရှေ့ဘက်နဲ့ အနောက်ဘက် မြို့ပြင်မှာ စစ်ကောင်စီက တပ်စွဲထားပြီး ဂိတ်ကြေးနဲ့ ငွေတောင်းခံတာရှိလို့ လက်ရှိမှာ ဒေသခံတွေဟာ ကုန်သွယ်ရေးနဲ့ ကျန်းမာရေး ကုသမှုကအစ အခက်အခဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညရေးညတာ မြင်းမူမြို့နဲ့နယ်ဘက်မှာရှိတဲ့ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ အရေးပေါ်သွားရလာရတဲ့ကိစ္စတွေမှာဆိုရင် ကျွန်တော်တို့ ဘယ်လိုမှကိုအဆင်မပြေတော့ဘူး။ ည ၆ နာရီ ၇ နာရီဆိုရင် နယ်ကနေ မြို့ပေါ်ကို ဘယ်သူမှမတက်ကြတော့ဘူး။ တက်လည်းမတက်ရဲကြဘူးလေ။ တစ်ခါတလေ သူတို့မထင်ရင်မထင်သလို ဖမ်းတာဆီးတာ ငွေတောင်းတာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ် အနောက်ခြမ်း တည်ပင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဟာ ထိတွေ့မရှိဘဲ မေ ၂ ရက်နေ့က စစ်ကြောင်းထိုးရင်း ကျေးရွာနေအိမ်တွေ မီးရှို့သွားလို့ အိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မရှောင်တိမ်းနိုင်လို့ ကျန်နေရစ်တဲ့ ဒေသခံ ဦးဖိုးဇော်ဆိုသူကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ရေဦးမြို့နယ် ချမ်းသာရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့သွားတယ်လို့ စစ်ကိုင်းသတင်းမှန် ပြန်ကြားရေးက ဖော်ပြထားပါတယ်။

မေလ ၁ရက်မှာ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းနဲ့ မေ ၃ ရက်နေ့မှာ မာလဲတောရွာ ပျူစောထီး စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကျေးရွာနေအိမ်တွေ မီးရှို့ခံရတာ ပိုများလာသလို အရပ်သားတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

အခုလိုစစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသခံတွေကိုသတ်ဖြတ်သွားပြီးနေအိမ်တွေမီးရှို့သွားတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးသန့်သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြည်ပသွင်းကုန်တွေ စိစစ်တင်သွင်းဖို့ စစ်ကောင်စီဥက္ကဋ္ဌ ညွှန်ကြားချက် ထွက်ပေါ်လာ

Army Chief

ဓာတ်ပုံ ရင်းမြစ်, MOI

ပြည်တွင်းမှာထုတ်နိုင်တဲ့ကုန်ပစ္စည်းတွေကိုတတ်နိုင်သမျှ ပြည်ပက မတင်သွင်းဖို့နဲ့ ပြည်တွင်းမှာ အမှန်တကယ်မထုတ်လုပ်နိုင်တဲ့ကုန်ပစ္စည်းတွေကိုသာ ပြည်ပကနေ စိစစ်တင်သွင်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်တယ်ဆိုတဲ့ စာတစ်စောင်ဟာ လူမှုကွန်ရက်မှာ ဒီရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေရေး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က အဲဒီအတိုင်းညွှန်ကြားခဲ့တယ်လို့လည်း စာမှာဖော်ပြထားပါတယ်။

ဒီစာနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ စီးပွားရေးနဲ့ကူးသန်းရေးရာဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနထံ ဆက်သွယ်မေးမြန်းနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံတဲ့အခါတိုင်း၊ ဒါမှမဟုတ် စီးပွားရေးနဲ့ပတ်သက်လို့ သွားရောက်တဲ့ ပြည်တွင်းခရီးစဥ်တိုင်းမှာတော့ ပြည်တွင်းမှာ စားနပ်ရိက္ခာဖူလုံရေးဦးစားပေးဖို့၊ ပြည်တွင်းထုတ်ကုန်တွေကို အားပေးပြီး တိုးတက်ထုတ်လုပ်နိုင်ဖို့နဲ့ ပြည်ပ သွင်းကုန်တွေကိုတတ်နိုင်သမျှ လျှော့ချတင်သွင်းဖို့ အမြဲလိုလိုထည့်သွင်းပြောကြားလေ့ရှိပါတယ်။

ဒါ့အပြင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေကိုလည်းမတည်ရင်းနှီးငွေဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဘီလျံနဲ့ချီချပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီချေးငွေတွေဟာ တကယ်လက်တွေ့လိုအပ်တဲ့ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေ မရရှိကြဘူးလို့ ရခိုင်ပြည်နယ်က အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြားနေပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ အခြေခံလူသုံးကုန်တွေဖြစ်တဲ့ စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ ဒါ့အပြင် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လယ်ယာသုံးလုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်တဲ့ သွင်းအားစုတွေထဲမှာပါဝင်တဲ့ ဓာတ်မြေသြဇာ စတာတွေဟာ ပြည်ပကနေ မှီခိုနေရတဲ့ အဓိက ပြည်ပသွင်းကုန်တွေဖြစ်ပါတယ်။

စားအုန်းဆီဟာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပေမဲ့ ပြည်တွင်း စားသုံးမှုကို ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းမရှိသေးတာကြောင့် မလေးရှားနဲ့အင်ဒိုနီးရှားကနေ မှာယူတင်သွင်းနေရပါတယ်။

မြန်မာအိန္ဒိယ အတွက်အရေးပါတဲ့ စစ်တွေဆိပ်ကမ်း မေ ၉ ရက်နေ့စဖွင့်တော့မယ်

Sittwe, Rakkhine

အိန္ဒိယအစိုးရရဲ့ ကုလားတန်စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့် ၉ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။ အဲဒီဆိပ်ကမ်းကိုဖွင့်လှစ်ပြီးလို့ရှိရင်တော့ လတ်တလောမှာ အိန္ဒိယ-မြန်မာကုန်သွယ်မှုလုပ်ငန်းတွေကို စတင်လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်းကိုဖွင့်လှစ်ပေးဖို့အတွက် အိန္ဒိယနိုင်ငံအစိုးရအဖွဲ့က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လာရောက်ဖို့ ရှိနေပြီး စစ်ကောင်စီဘက်ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦး လာရောက်ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ ပြီးခဲ့တဲ့ နအဖ အစိုးရလက်ထက် ၂၀၀၉ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုးရမ်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတစ်ခုဖြစ်တာကြောင့် ပြည်မဘက်ကကုန်စည်တွေကိုပို့ဆောင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်းအကုန်ကျခံပြီး အဲဒီစီမံကိန်းကို အိန္ဒိယအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီဆိပ်ကမ်းဟာ ဒေသအတွက် အကျိုးရှိတဲ့ဆိပ်ကမ်းတစ်ခုဖြစ်လာမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

အဲဒီဆိပ်ကမ်းကိုဖွင့်လှစ်ပြီး မကြာခင်မှာပဲ အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းကနေ ဘိလပ်မြေတန်ချိန် သုံးထောင်ကျော်တင်ဆောင်လာမယ့် သင်္ဘောတစ်စင်း စစ်တွေဆိပ်ကမ်းကို ဆိုက်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒေသအတွက်လိုအပ်တဲ့ အိန္ဒိယနိုင်ငံထုတ်ကုန်တွေကို ဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့်လို့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေတဲ့ ရခိုင်ပြည်နယ်အတွက်တော့ အဲဒီကုန်သွယ်ရေးလုပ်ငန်းကနေ တိုက်ရိုက်အကျိုးခံစားခွင့်တွေ မရှိနိုင်သေးဘူးလို့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်

နှစ်နိုင်ငံအစိုးရတို့အကြား စစ်တွေဆိပ်ကမ်းကို နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုအဖြစ် တိုးမြှင့်လုပ်ဆောင်ဖို့ ရည်မှန်ထားကြပေမယ့် လတ်တလောမှာတော့ အခက်အခဲတွေရှိနေသေးတယ်လို့ ထောက်ပြနေကြတာပါ။

အဲ့ီစီမံကိန်းထဲမှာပါဝင်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကနေ မီဇိုရန်းပြည်နယ်အထိ ကုန်းလမ်းအရှည် ၁၀ ကီလိုမီတာကျော်ကိုတော့ မြန်မာကုမ္ပဏီလေးခုက တာဝန်ယူဖောက်လုပ်နေဆဲပဲဖြစ်တယ်လို့ စီမံကိန်းနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။