အိန္ဒိယမှာ မြစ်ကူးကြိုးတံတားကျိုးလို့ အနည်းဆုံး လူ ၆၈ ဦး ထက်မနည်း သေဆုံး

 ရာနဲ့ချီတဲ့လူတွေ မြစ်ထဲကျသွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,  ရာနဲ့ချီတဲ့လူတွေ မြစ်ထဲကျသွားခဲ့
ရေးသားခဲ့သည်။

 အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ လူကူးကြိုးတံတား ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၈ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။

ရာနဲ့ချီတဲ့လူတွေဟာ တံတားကျိုးသွားတဲ့အချိန်မှာ မြစ်ထဲကို ကျသွားခဲ့ပြီး မြစ်ထဲကျိုးကျသွားတဲ့ တံတားကို တွဲလောင်းခိုထားသူတွေအချို့ အသက်ရှင်ကျန်နေခဲ့တာကို ဒေသအတွင်းက ရိုက်ကူးတဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။

တံတားကျိုးတဲ့ အချိန်မှာ လူ ၄၀၀ ခန့်ဟာ တံတားပေါ်မှာရှိနေခဲ့တယ်လို့ ဒေသသတင်းတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက် လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

တံတားကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်တဲ့ ရက်ပိုင်းတွင်းမှာ အခုလို တံတားကျိုးကျခဲ့တာဖြစ်ပါတယ်။

ဒီတံတားဟာ ပေ ၇၅၀ ကျော်ရှည်ပြီး ပြီးခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှကိုလိုနီခေတ်က တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတံတားဟာ လူကူး ကြိုးတံတားဖြစ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကြား လာ ကြည့်လေ့ရှိတဲ့ နာမည်ကျော်တံတား ဖြစ်ပါတယ်။