ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းရောက် မြန်မာတွေကို တင်းကျပ်ဖို့ ထိုင်းတွေ ဆန္ဒပြ
ထိုင်းရောက် မြန်မာတွေကို တင်းကျပ်ဖို့ ထိုင်းတွေ ဆန္ဒပြ
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို စည်းကမ်းတင်းကျပ်ဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတချို့က ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ စက်တင်ဘာ ၂၃ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာစစ်ကောင်စီထံပေးပို့မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုကြပါတယ်။ ဒီအပေါ် ထိုင်းရောက်မြန်မာတွေ စိုးရိမ်မှု ဘယ်လိုရှိနေပါလဲ။ ဒီအကြောင်းကို ကိုမောင် ပြောပြမှာပါ။