ထိုင်းရောက် မြန်မာတွေကို တင်းကျပ်ဖို့ ထိုင်းတွေ ဆန္ဒပြ

ဗီဒီယို ပုံစာ, ထိုင်းရောက် မြန်မာတွေကို တင်းကျပ်ဖို့ ထိုင်းတွေ ဆန္ဒပြ
ထိုင်းရောက် မြန်မာတွေကို တင်းကျပ်ဖို့ ထိုင်းတွေ ဆန္ဒပြ
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို စည်းကမ်းတင်းကျပ်ဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတချို့က ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ စက်တင်ဘာ ၂၃ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာစစ်ကောင်စီထံပေးပို့မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုကြပါတယ်။ ဒီအပေါ် ထိုင်းရောက်မြန်မာတွေ စိုးရိမ်မှု ဘယ်လိုရှိနေပါလဲ။ ဒီအကြောင်းကို ကို‌မောင် ပြောပြမှာပါ။