ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန်လအတွင်း ပညာရေး ဝန်ထမ်းတချို့ ဖမ်းဆီးသတ်ဖြတ်ခံရ
ဇွန်လအတွင်း ပညာရေး ဝန်ထမ်းတချို့ ဖမ်းဆီးသတ်ဖြတ်ခံရ
ရေးသားခဲ့သည်။
အခုနှစ်ကျောင်းဖွင့်ရာသီဖြစ်တဲ့ ဇွန်လတစ်လအတွင်းမှာ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပညာရေးနယ်ပယ်က ဝန်ထမ်းတချို့ အသတ်ခံရတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ ပညာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ရေး ကမ္ဘာ့မဟာမိတ်အဖွဲ့ (GCPEA ) ရဲ့ အခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ၂၀၂၄ နဲ့ ၂၀၂၅ အတွင်း မြန်မာအပါအဝင် တစ်ကမ္ဘာလုံးက ပညာရေးနယ်ပယ်တွေကို တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြသွားမှာပါ။