အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေရှိ
အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေရှိ
ရေးသားခဲ့သည်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အကျဥ်းထောင်တွေထဲမှာ ဒီ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ ရေး အကျဥ်းသား ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM မနေ့က ထုတ်ပြန်ပါတယ်။ ဒီနှစ်ရက်အတွင်းမှာပဲ ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂများအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ မဝတ်ရည်အောင်နဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် ဦးပြည့်စုံအောင်လည်း သေဆုံးခဲ့ပါတယ်။ သူတို့ ဘယ်လို သေဆုံးခဲ့တာပါလဲ။ အပြည့်အစုံကို ကိုမိုးမြင့်က ပြောပြပေးပါမယ်။



