သံတွဲမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ဗီဒီယို ပုံစာ, သံတွဲလေဆိပ်ကို အေအေက ထိန်းချုပ်လိုက်အပြီး သံတွဲမြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေ
ရေးသားခဲ့သည်။

စစ်ကောင်စီဘက်က အင်အား အများအပြား အသုံးပြု၊ ခုခံကာကွယ်နေတဲ့ ရခိုင်တောင်ပိုင်း ဒေသက သံတွဲ တိုက်ပွဲမှာ ခမရ ၅၆၆ ကိုရော၊ သံတွဲ လေဆိပ်ကိုပါ ထိန်းချုပ် နိုင်လိုက်ပြီလို့ အေအေဘက်က ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ သံတွဲမြို့အနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မြို့ပေါ်နေရာ တချို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်လို့ ကိုဝေဖြိုးက ပြောပြမှာပါ။