ဂါဇာမှာ ယာယီအပစ်ရပ်မယ်

ဗီဒီယို ပုံစာ, ဂါဇာမှာ ယာယီအပစ်ရပ်မယ်
ဂါဇာမှာ ယာယီအပစ်ရပ်မယ်
ရေးသားခဲ့သည်။

ဟားမတ်စ်တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့လ အစောပိုင်းကတည်းက ဂါဇာကို တိုက်ခိုက်လာခဲ့တဲ့ အစ္စရေးဟာ မကြာခင်မှာပဲ ယာယီ အပစ်ရပ်စဲမှု တခုကို စတင်တော့မှာ ဖြစ်ပါတယ်။

အဲဒီ အပစ်ရပ် မစခင်မှာပဲ အစ္စရေးက ဂါဇာကမ်းမြောင်ထဲက ဟားမတ်စ် ပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်နေပါတယ်။ ဒီနေ့ မနက်ပိုင်းကတော့ ဂါဇာကောင်းကင်ယံမှာ မီးခိုးလုံးကြီးတွေ တက်လာနေတာကို မြင်နေရဆဲ ဖြစ်ပါတယ်။ လူတွေ နေကြတဲ့ နေရာတချို့ကိုလည်း တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

၄ ရက် ကြာ အပစ်ရပ်နားမယ်လို့ သဘောတူထားပေမယ့် ဘယ်တော့ စမယ်ဆိုတာ သေချာမသိရသေးပါဘူး။ အပစ်ရပ်ပေးထားချိန်မှာ ဟားမတ်စ်ဘက်ကလည်း ဓားစာခံ ၅၀ ကို လွှတ်ပေးမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း အစ္စရေး ထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ ပါလက်စတိုင်း ၁၅၀ ကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဟားမတ်စ်က ပြောပါတယ်။

ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ယိုလန်နယ်လ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။