ရုရှားလေကြောင်း တိုက်ခိုက်မှု ယူကရိန်း ၅ ဦး သေဆုံး - ဇွန်လ ၂၅ရက် ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ကို ရုရှားက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
ရုပ် အလောင်း ၂ လောင်း ကိုတော့ အပျက်အစီးပုံတွေကြားက ရခဲ့တာလို့ ဆိုပါတယ်။
ဒွန်းဘတ်စ် အရှေ့ပိုင်းနဲ့ ဇာပိုရေးရှား ဒေသတွေမှာ ဒီနေ့ တနင်္ဂနွေနေ့ အထိ ရုရှားတပ်တွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တဲ့ဒဏ် ဆက်လက် ခံစားနေရပြီး နီခိုပိုးလ်မြို့မှာ သက်ကြီး အမျိုးသား တစ်ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒွန်းဘတ်စ်က ဘီဘီစီသတင်းထောက်ကတော့ ယူကရိန်းတို့က ရုရှားတပ်တွေရဲ့ ဖြစ်နိုင်ခြေအားနည်းချက်ကို ရှာနေတယ်လို့ ဆိုပါတယ်။
မုတ်သုံ မိုးဒဏ်ခံရတဲ့ အာသံပြည်နယ် ၊ ရေကြီးမြေပြို နှစ်စဉ်ခံစားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံ ပြည်နယ်မှာ မိုးသည်းထန်လို့ ရေကြီးမှုတွေဖြစ်ကာ ထောင်သောင်းချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ပြေးနေရပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။
ရေကြီးမှုကြောင့် လူ ၄ သိန်းလောက် ဘေးဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ တွေ့ရတဲ့ ပုံတွေအရ လည်ပင်းလောက်ထိမြုပ်တဲ့ ရေပြင်ကျယ်မှာ ရွာသားတွေက ကျွဲနွား စတဲ့ တိရစ္ဆာန်တွေနဲ့ သူတို့ပိုင်ဆိုင်ရာ ကိုင်စွဲပြီး ကူးဖြတ်နေတာ တွေ့ရပါတယ်။
တချို့နေရာတွေမှာ ရေကျသွားပြီလို့ အာဏာပိုင်တွေက ပြောပေမယ့် မုတ်သုံ မိုးဒဏ်ကို အာသံပြည်နယ်မှာ နှစ်စဉ်လိုလို ခံစားရပြီး ရေကြီးမြေပြိုမှုတွေ ကြုံရလေ့ရှိတာ ဖြစ်ပါတယ်။
တရုတ်သင်္ဘောမှန်သမျှ မကပ်ရဘူးလို့ ဗီယက်နမ် ကန့်ကွက်နေချိန် အမေရိကန် စစ်သင်္ဘောကြီး ဗီယက်နမ် ဆိပ်ကမ်းရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ ဗီယက်နမ် အစိုးရတွေကြား တင်းမာမှု ရှိနေချိန်မှာ နျူကလီးယား စွမ်းအင်သုံး တိုက်လေယာဉ်တွေတင်ဆောင်ရာ အမေရိကန် စစ်သင်္ဘောတစင်း ဗီယက်နမ် ဆိပ်ကမ်းကို ထူးထူးခြားခြား ရောက်လာပါတယ်။
ငါးဖမ်းလှေတွေ ကမ်းစောင့်တပ်ရေယာဉ်တွေနဲ့ သုတေသနဆိုင်ရာ လေ့လာရေး သင်္ဘောတွေ အပါအဝင် တရုတ်သင်္ဘောတွေကို ဗီယက်နမ်က ဆန့်ကျင် ကန့်ကွက်ပြီး သီတင်းပတ် အတန်ကြာမှာ နိုင်ငံအလယ်ပိုင်းက Da Nang မြို့ကို အမေရိကန်က စစ်သင်္ဘောကြီး USS Ronald Reagan ဆိုက်ကပ်လာတာပါ။
အခုဆိုရင် တောင်တရုတ် ပင်လယ်က ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန်ကို အမေရိကန် စစ်သင်္ဘောကြီး ရောက်လာတာ သီတင်းပတ် အတော်ကြာ ရှိလာပါပြီ။
ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန် စစ်သင်္ဘောကြီး ထွက်ခွာသွားဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ဒေသတွင်းတရုတ်ရဲ့ စိုးမိုးမှု ကြီးထွားလာချိန် ၊ အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံစလုံးက စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ အမေရိကန်နဲ့ ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှု ၁၀နှစ်ပြည့် အထိမ်းအမှတ်နဲ့ အမေရိကန် စစ်သင်္ဘောကြီး ဗီယက်နမ်ကို ရောက်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ၊ သြစတြေးလျ ၊ ဂျပန် နဲ့ အမေရိကန် ရေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယား ရေတပ်ဟာ အမေရိကန်ဦးဆောင်မှုနဲ့ လာမယ့်လမှာ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ်လို့ ပြောပါတယ်။
ပစ္စိဖိတ် တပ်ဦးရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ သြစတြေးလျနဲ့ ဂျပန် ရေတပ်တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
အမေရိကန် ပစ္စိဖိတ် သမုဒ္ဒရာထဲက ကျွန်းငယ်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းမှာ လေ့ကျင့်ကြမှာ ဖြစ်ပြီး မန်မူကြီး လို့ အမည်ရတဲ့ တန်ချိန် လေးထောင်ရှိတဲ့ စစ်သင်္ဘောကြီးကိုလည်း ပို့ဆောင် သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။








