ကမ္ဘောဒီးယား နယ်စပ်က ခရိုင် ၈ ခုကို ထိုင်း စစ်အုပ်ချုပ်ရေး ကြေညာ

ဗီဒီယို ပုံစာ, ကမ္ဘောဒီးယား နယ်စပ်က ခရိုင် ၈ ခုကို ထိုင်း စစ်အုပ်ချုပ်ရေး ကြေညာ
ကမ္ဘောဒီးယား နယ်စပ်က ခရိုင် ၈ ခုကို ထိုင်း စစ်အုပ်ချုပ်ရေး ကြေညာ
ရေးသားခဲ့သည်။

ကမ္ဘောဒီးယားနယ်စပ်က ထိုင်းခရိုင် ရှစ်ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြောင်း နယ်စပ် ကာကွယ်ရေး တပ်မှူးက ပြောပါတယ်။ ၂ နိုင်ငံ နယ်စပ်မှာ ကမ္ဘောဒီးယား စစ်တပ် နဲ့ ထိုင်း စစ်တပ်တို့ အကြား တိုက်ခိုက်မှုတွေလည်း ဆက်ပြီး ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘောဒီးယား နဲ့ နယ်စပ် အငြင်းပွား အပြန်အလှန် တိုက်ခိုက်မှုကနေတဆင့် ကျယ်ပြန်တဲ့ စစ်ပွဲ ဖြစ်သွားနိုင်တယ် ဆိုပြီး ထိုင်း ယာယီ ဝန်ကြီးချုပ် ပွန်သန် ဝီချရာချိုင်းက သတိပေးလိုက်ပါတယ်။ နယ်စပ်က လူပေါင်း တစ်သိန်း သုံးသောင်းကျော်ကိုလည်း နေရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ နယ်စပ်က ဆယ်စုနှစ်တစ်ခုကျော် အတွင်းမှာ ဖြစ်ပွားတဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကြောင့် လူ ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့ရပါတယ်။