စစ်ကောင်စီ တိုက်လေယာဉ်ပျက် ဖားဆောင်းမှာတွေ့ရှိ
စစ်ကောင်စီ တိုက်လေယာဉ်ပျက် ဖားဆောင်းမှာတွေ့ရှိ
ရေးသားခဲ့သည်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစ်စင်းဟာ ဇူလိုင်လ ၁ ရက်နေ့က ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းချိန်မှာ ရုတ်တရက် ရေဒါကနေ ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၃ ရက် ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ဒီလို ကြေညာအပြီး သိပ်မကြာခင်မှာပဲ ဖားဆောင်းမြို့နယ်ထဲမှာ တိုက်လေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ တော်လှန် ရေးအင်အားစုတွေက ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ စက်ချို့ယွင်းမှုကြောင့် တိုက်လေယာဉ် ပျက်ကျခဲ့ရတာလို့ ပြောဆိုနေပေမဲ့ တော်လှန်ရေး အင်အားစုတွေ ဘက်ကတော့ သူတို့ ပစ်ချခဲ့တာ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။ ကိုဝေဖြိုးက ဆက်ပြီး ပြောပြပေးမှာပါ။



