ကိုးကန့်တပ် ထိန်းချုပ် နယ်မြေမှာ စိစစ် တင်းကျပ်မှုတွေ ရှိနေ
ကိုးကန့်တပ် ထိန်းချုပ် နယ်မြေမှာ စိစစ် တင်းကျပ်မှုတွေ ရှိနေ
ရေးသားခဲ့သည်။
လားရှိုးကနေ ဆုတ်ခွာပေးလိုက်တဲ့ ကိုးကန့်တပ် MNDAA က သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်နေပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လားရှိုးကို ပြန်လည် ထိန်းချုပ်လိုက်တဲ့ စစ်ကောင်စီရဲ့ လက်အောက်မှာ မနေထိုင်ချင်တဲ့ လူတွေကိုလည်း ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတဲ့ စီဒီအမ် ဝန်ထမ်းတွေ အပါအဝင် စစ်ကောင်စီကို မထောက်ခံတဲ့ လူတွေမှာ အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုဝေဖြိုးက ဆက်ပြီး ပြောပြပေးမှာပါ။



