ကန် အမျိုးသား လုံခြုံရေး အကြံပေး ရာထူးကနေ ဖယ်ရှားခံရ

ဗီဒီယို ပုံစာ, ကန် အမျိုးသား လုံခြုံရေး အကြံပေး ရာထူးကနေ ဖယ်ရှားခံရ
ကန် အမျိုးသား လုံခြုံရေး အကြံပေး ရာထူးကနေ ဖယ်ရှားခံရ
ရေးသားခဲ့သည်။

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး မိုက် ဝေါ့ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ တုန်းက အိမ်ဖြူတော်ရဲ့ စစ်ရေး အစီအစဉ်တွေ ဆွေးနွေးတဲ့ Signal App Group Chat ထဲမှာ သတင်းထောက် တစ်ယောက်ကို မှားယွင်း ထည့်သွင်းခဲ့မိတဲ့ အတွက် အငြင်းပွားဖွယ်ရာ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ မိုက်ခ် ဝေါ့ဇ်ကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ခန့်အပ်မယ်လို့ သမ္မတ ထရမ့်က ပြောကြားပါတယ်။ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ အယ်ဒီတာ ဆာရာ စမစ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။