ဇန်နဝါရီ ၁၈ ရက်ထိပ်တန်းသတင်းများ - စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသားမက် လာအိုသံအမတ်ဖြစ်လာ

သမ္မတဦးသိန်းစိန်ဘေးမှာမြင်တွေ့ခဲ့ရတဲ့ ဦးအောင်ကို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတဦးသိန်းစိန်ဘေးမှာမြင်တွေ့ခဲ့ရတဲ့ ဦးအောင်ကို
ရေးသားခဲ့သည်။

စစ်ကောင်စီဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နေရာအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကို ခန့်အပ်လိုက်ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုဟာ လက်ရှိ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့သားမက် ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်တိုင်းမှာ ဘေးနားမှာ မြင်တွေ့ခဲ့ရသူဖြစ်ပါတယ်။

လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နေရာကို အငြိမ်းစားဗိုလ်ချုပ် မြတ်သက်ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ခန့်အပ်ခဲ့ပေမဲ့ နိုဝင်ဘာလအတွင်းမှာပဲ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

အဲဒီလိုပြန်လည်ခေါ်ယူပြီး ၂ လအတွင်းမှာပဲ စစ်ကောင်စီက လစ်လပ်နေတဲ့ လာအိုသံအမတ်နေရာအတွက် ဦးအောင်ကိုကို ခန့်အပ်ခဲ့တာပါ။

သံအမတ်နေရာကနေ ပြန်ခေါ်ယူခံရပြီး စစ်ဆေးခံခဲ့ရတဲ့ အငြိမ်းစားဗိုလ်ချုပ် မြတ်သက်ဦးဟာ အခုတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပြီလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးဟာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ စစ်ဆေးခံခဲ့ရတာကတော့ တိုင်းမှူးတာဝန်ထမ်းဆောင်ချိန်တုန်းက ကိစ္စတွေနဲ့ဆက်စပ်တယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက နိုဝင်ဘာလအတွင်းမှာ ပြောထားပါတယ်။

ဓာတ်ပုံစုစည်းချက် - ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ရခိုင်ပြည်နယ်နဲ့ဆက်နေတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သိမ်းဆည်းမိတဲ့လက်နက်ခဲယမ်းတွေဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ပုံတွေနဲ့ သတင်းထုတ်ပြန်လာပါတယ်။

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို အပြီးသတ်သိမ်းပြီးတဲ့နောက်မှာ သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေဖြစ်တယ်လို့ အေအေက ပြောပါတယ်။

စစ်ကောင်စီ တပ်မမှူးတွေ ပူးတွဲကြီးကြပ်ကွပ်ကဲတဲ့ စစ်ဗျူဟာကုန်းကြီးတစ်ခုဖြစ်တဲ့ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ပလက်ဝဒေသတစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ အေအေက ဇန်နဝါရီလ ၁၅ ရက်မှာ ကြေညာထားပါတယ်။

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ပလက်ဝမှာ သိမ်းမိတဲ့လက်နက်တွေဆိုပြီး အေအေ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ထိုင်ဝမ်နဲ့ တရုတ် ပေါင်းစည်းရေးကို ထောက်ခံတယ်လို့ စစ်ကောင်စီပြော

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ(ဘယ်)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဘေကျင်းမြို့မှာ ဒီဇင်ဘာလဆန်းတုန်းက တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, MOFA Myanmar

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ(ဘယ်)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဘေကျင်းမြို့မှာ ဒီဇင်ဘာလဆန်းတုန်းက တွေ့ဆုံမှု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အထွေထွေရွေးကောက်ပွဲကျင်းပပြီး သမ္မတအသစ်တက်လာဖိုရှိတဲ့ ထိုင်ဝမ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်တစ်နိုင်ငံတည်းဆိုတဲ့မူဝါဒကို ထောက်ခံတဲ့အကြောင်း စစ်ကောင်စီဘက်က ပြောလာပါတယ်။

လူဦးရေ ၂၃ သန်းရှိတဲ့ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းအနေနဲ့ ရပ်တည်နေတာဖြစ်ပေမဲ့ တရုတ်ကတော့ ထိုင်ဝမ်ကို နောက်ပိုင်းမှာ ဘေကျင်းအစိုးရရဲ့အုပ်ချုပ်မှုအောက်ကို တဖြည်းဖြည်းပြန်ရောက်လာမယ့် ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည်နယ်တစ်ခုရှုမြင်ထားတာဖြစ် ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာဟာ ထိုင်ဝမ်ဒေသလွတ်လပ်ရေးအတွက် ခွဲထွက်တဲ့ဆောင်ရွက်ချက်တွေ၊ တခြားနိုင်ငံရဲ့ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်တဲ့‌ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့အကြောင်းနဲ့ တရုတ်နဲ့ ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးကိုထောက်ခံတဲ့အကြောင်း ဇန်နဝါရီလ ၁၅ ရက် ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အကဲခတ်တွေကတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုလိုပြောဆိုချက်ဟာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံအကြိုက် လိုက်ပြီး ပြောဆိုတဲ့ ထုတ်ပြန်ချက်လို့ သုံးသပ်ကြပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံတဲ့အကြောင်း သူ့ရဲ့ နှစ်သစ်ကူး သတင်းစကားမှာ ထုတ်ပြန်ပြောဆိုထားတာရှိပါတယ်။

မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာရှမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ပေါ်လာတဲ့ MilkTea Alliance အွန်လိုင်းလှုပ်ရှားမှုမှာ မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်ကျွန်းနဲ့ တရုတ်လက်အောက်က ဟောင်ကောင်ဒေသတွေက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေလည်းပါဝင်တာကြောင့် NUG ရဲ့ နှစ်သစ်ကူး ကြေညာချက်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး အိန္ဒိယဘက်ခြမ်း ကိုထွက်ပြေး

အိန္ဒိယဘက်ခြမ်းကိုထွက်ပြေးတဲ့ မြန်မာစစ်သားတွေကို ပြန်ခေါ်တဲ့ မြန်မာလေတပ်လေယာဥ် ကို မီဇိုရမ်ကလေဆိပ်မှာတွေ့ရချိန်

ဓာတ်ပုံ ရင်းမြစ်, KO NYO

ဓာတ်ပုံ ပုံစာ, အိန္ဒိယဘက်ခြမ်းကိုထွက်ပြေးတဲ့ မြန်မာစစ်သားတွေကို ပြန်ခေါ်တဲ့ မြန်မာလေတပ်လေယာဥ် ကို မီဇိုရမ်ကလေဆိပ်မှာတွေ့ရချိန်

မြန်မာဘက်ကထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၇၇ ဦးဟာ အိန္ဒိယနိုင်ငံဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲက နယ်စပ်မြို့ဘန်ဒက်ဘန်ဂါရွာကို ဇန်နဝါရီ ၁၇ ရက်က ရောက်ရှိလာတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာန အကြီးတန်းအရာရှိက အိန္ဒိယသတင်းဌာ‌နတွေကိုပြောပါတယ်။

ကနဦးသတင်းအရ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီလောက်မှာ မီဇိုရမ် နယ်စပ်မြို့ကိုရောက်ရှိကြတာလို့ ဆိုပြီး လက်နက်ခဲယမ်းတွေလည်းပါဝင်လာတဲ့သူတို့ကို နယ်စပ်က အာသံရိုင်ဖယ်တပ်က စောင့်ရှောက်ပေးထားရတယ်လို့ဆိုပါတယ်။

သူတို့ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးလမ်းဆုံအနီး ပါဝမြို့အနီးက အိန္ဒိယဘက်ခြမ်းရှိအာသံရိုင်ဖယ်ရဲ့ တပ်စခန်းကို ခေါ်ဆောင်ထားတယ်လို့ဆိုပါတယ်။

အိန္ဒိယသတင်းတွေရဲ့ဖော်ပြချက်အရ ရက္ခိုင့်တပ်မတော် (AA) က ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ပါဝကျေးရွာအနီးက သူတို့ရဲ့ စခန်းတွေကနေ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေကလည်း မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့ဝင် ၆၃၆ ဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အိန္ဒိယ- ချင်း- စစ်ကိုင်းနယ်စပ်တွေမှာ တော်လှန်ရေးအင်အားစုလက်နက်ကိုင်အဖွဲ့တွေက စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေဆက်တိုက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယဘက်ခြမ်းကိုထွက်ပြေးခိုလှုံကြတာဖြစ်ပါတယ်။

အဲဒီထဲက မြန်မာစစ်သား ၃၅၉ ဦးကို မြန်မာစစ်ကောင်စီဆီကို အိန္ဒိယအစိုးရက လွှဲပြောင်းပို့ဆောင်ပေးထားပြီးဖြစ်ပါတယ်။

အဲဒီအတောအတွင်း မြန်မာစစ်သား ၁၀၄ ဦးကို မီဇိုရမ်ပြည်နယ်ကတဆင့် မဏိပူရပြည်နယ်ဘက်ကို ရွှေ့ပြောင်းပို့ဆောင်ထားသလို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းတုန်းကလည်း နောက်ထပ် ၂၅၅ဦးကို မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်ကနေ မြန်မာလေတပ်က လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့တဲ့ မြန်မာစစ်သားတွေကို နောက်ဆုံးအသုတ်အနေနဲ့ အိုက်ဇောမြို့ကနေမြန်မာ့လေတပ်လေယာဥ်တွေနဲ့ စစ်တွေမြို့ကိုခေါ်ဆောင် သွားနိုင်တယ်လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။