ခမီ စစ်ရှောင်တွေကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ အဖွဲ့တွေ သတ်ဖြတ်ခဲ့တယ်လို့ အေအေပြော

ဗီဒီယို ပုံစာ, ခမီ စစ်ရှောင်တွေကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ အဖွဲ့တွေ သတ်ဖြတ်ခဲ့တယ်လို့ အေအေပြော
ခမီ စစ်ရှောင်တွေကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ အဖွဲ့တွေ သတ်ဖြတ်ခဲ့တယ်လို့ အေအေပြော
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ ခမီ လူမျိုး စစ်ရှောင် ၇ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ အာရက္ခတပ်တော် အေအေဘက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ စစ်ရှောင်တွေကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တခါ မောင်တော မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။ ဒီအကြောင်း ကိုမိုးမြင့်က ပြောပြပေးမှာပါ။