သမ္မတ ဂျိုး ဘိုင်ဒန် ကိုဗစ် ထပ်မံ ကူးစက်ခံရ
သမ္မတ ဂျိုး ဘိုင်ဒန် ကိုဗစ် ထပ်မံ ကူးစက်ခံရ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဟာ ကိုဗစ် ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ရပေမဲ့လည်း သူ့ အနေနဲ့ ကျန်းမာရေး ကောင်းမွန်တယ် ဆိုပြီး သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အရင်တုန်းက ကိုဗစ် ၂ ကြိမ် ကူးစက်ခံခဲ့ရဖူးပါတယ်။ အခုတော့ သူ့ရဲ့ မဲဆွယ် စည်းရုံးရေး အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီး ဒလာဝဲလ်မှာ ရှိတဲ့ နေအိမ်မှာ သီးသန့်ခွဲခြား နေထိုင်မယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလီစ် ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြပေးမှာပါ။



