စစ်ပွဲနဲ့ရာသီဥတုတွေကြောင့် အင်္ဂလန်ဘောလုံးပွဲတွေ ရပ်နားခဲ့ရတာလည်းရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွား နေတာကြောင့် ဘောလုံးပွဲရပ်နားထားရပြီး အားပေး တဲ့ပရိသတ်တွေဟာလည်း ဘောလုံးပွဲတွေမပါဘဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေ ရပါတယ်။
ဘောလုံးပွဲတွေကို ဧပြီလ၃ဝရက် မတိုင်မီအထိ အင်္ဂလန်နိုင်ငံထဲမှာ ရပ်နားထားသလို ကမ္ဘာအနှံ့က အခြား နေရာတွေ မှာ လည်း ပွဲတွေရပ်နားထားရပါတယ်။အင်္ဂလန်မှာ ဘောလုံးပွဲတွေ အခုလိုရပ်နားထား ရတာ က ဒီတကြိမ် ပထမဆုံး မဟုတ်ပါဘူး။ အရင်တုန်းကလည်း စစ်ပွဲတွေ၊ ရာသီဥတုဆိုးရွားတာတွေနဲ့ စစ်ပွဲအပြီး ကုန်ထုတ်စွမ်းအားတွေ တက်လာအောင်လို့ ဘောလုံးပွဲတွေကို နှစ်လချီရပ်နားခဲ့တာ တွေရှိပါ တယ်။
ပထမဆုံးအကြိမ် အင်္ဂလန်နိုင်ငံထဲမှာ ဘောလုံးပွဲရပ်ရဖို့ စဖြစ်လာတာက ဗြိတိန်က ဂျာမနီကို ၁၉၁၄ ဩဂုတ်လ ၄ရက်နေ့မှာ စစ်ကြေညာလိုက်တာကြောင့်ပါ။ ဘောလုံးပွဲတွေရပ်ရမှာနဲ့ပတ်သက် လို့ အဲ့ဒီ တုန်းကအငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။စစ်ဖြစ်လာတော့မှာကြောင့် ရပ်ဘီနဲ့ခရစ်ကတ်တို့လို အားကစားတွေ သူတို့ပွဲတွေကို ချက်ချင်းရပ်လိုက်ကြပါတယ်။ ဒါပေမယ့် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ မစသေးတဲ့ ၁၉၁၄-၁၅ ရာသီကို ကြိုရပ်ရမယ့် သဘောဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲ တွေရပ်လိုက်ရ သလိုမျိုး ကလပ်အသင်းတွေ ငွေကြေးထိခိုက်လာမှာကို အဲ့ဒီတုန်းကလည်း စိုးရိမ်ခဲ့ကြ ပါတယ်။
ဘောလုံးအားကစားနည်းကို လူကြိုက်များတာကို အသုံးချပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ထောက်ခံမှုနဲ့ အစပိုင်းမှာ အစိုးရက စစ်သားသစ်စုဆောင်းတာတွေလုပ်ခဲ့ပါတယ်။ ဘောလုံးပွဲတွေမှာပိုစတာတွေထောင်ပြီး ဘောလုံး သမားတွေနဲ့ပရိသတ်တွေ စစ်တပ်ထဲဝင်လာ အောင် စည်းရုံးခဲ့ကြတာပါ။ဒါပေမယ့်လူအများစုကစစ်တပ်ထဲဝင်ဖို့ငြင်းနေကြလို့စစ်တပ်ထဲဝင်အောင်စည်းရုံးတာ ကနေ ဘောလုံးပွဲဆန့်ကျင်ရေးဘက်ကိုလှည့်သွားပါတယ်။ပြီးတော့ နိုင်ငံရေး သမားတွေ၊သတင်းစာတွေနဲ ့ရှားလော့ဟုမ်းစာအုပ်ကိုရေးတဲ့လူသိများတဲ့စာရေးဆရာ အာသာ ကိုနင်ဒွိုင်းတို့လို လူတွေကလည်း ဘောလုံးပွဲတွေဆက်လုပ်နေတာက စစ်ပွဲအတွက် မလိုအပ်တဲ့ အနှောင့်အယှက်တွေပေးသလိုဖြစ်နေတယ်လို့ ပြောခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘောလုံးသမားတွေ စစ်တပ်ထဲဝင်လာအောင် လုပ်တဲ့ နောက်ထပ်ကြိုးစားမှုတခုကတော့ ၁၉၁၄ ဒီဇင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ မစ်ဒယ်ဆက်စ် တပ်ရင်းကြီးမှာ "Footballers Battalion" လို့ခေါ်တဲ့ ဘောလုံး တပ်ရင်းတရင်းကို ထည့်ဖွဲ့ခဲ့တာပါ။ အဲဒီလိုဖွဲ့လိုက်တာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရာ နဲ့ချီစစ်ထဲဝင်လာကြပါတယ် ။အဲဒီနည်းအတိုင်း နောက်ပိုင်းမှာလည်း ဒုတိယ ဘောလုံးတပ်ရင်းတရင်း ကိုထပ်ဖွဲ့ခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ဘောလုံးပွဲတွေ အားပေးတာ လူထုကြားမှာကျလာခဲ့ပြီး အားပေးတဲ့ ပရိသတ်တွေ လည်းနည်းသွားလို့ ဝင်ငွေတွေလျော့လာတာကြောင့် ကလပ်အသင်းတွေ ရပ်တည်ဖို့ခက်လာပါတယ်။ အဲ့ဒီဘောလုံးရာသီအပြီး သိပ်မကြာခင် ၁၉၁၅ ဧပြီလထဲမှာတော့ ပရော်ဖက်ရှ င်နယ်ဘောလုံးပွဲတွေအား လုံးရပ်သွားခဲ့ပါတယ်။
ဘောလုံးပွဲတွေအများကြီးရပ်သွားပေမယ့် ဘောလုံးကစားတာကိုတော့လူတွေ မမေ့ပစ်နိုင်ကြ ပါဘူး။ အခက်အခဲတွေကြားမှာတောင် တတ်နိုင်သလောက်ကြိုးစား ကစားကြပါတယ် ။ အင်္ဂလန်ထဲမှာလည်း အပျော်တမ်းဘောလုံးပွဲတွေ ဆက်ရှိနေပြီးအမျိုးသမီးဘောလုံးပွဲတွေကိုလည်း လူကြိုက်များလာပါတယ်။ နိုင်ငံရပ်ခြားမှာလည်း စစ်သားတွေက ရရင်ရသလို ဘောလုံးကို ဆက်ကစားကြပါတယ်။ အဲ့ဒီပွဲတွေထဲ နာမည်အကြီးဆုံး ပွဲတပွဲကတော့ ၁၉၁၄ခုနှစ် ခရစ်စမတ်နေ့ မှာ မဟာမိတ်တပ်တွေနဲ့ဂျာမန်တပ်တွေ ရှေ့တန်း မှာ ကစားခဲ့ကြတဲ့ပွဲပါ။အပစ်ရပ်တာတွေ ခဏလုပ် သေနတ်တွေကိုဘေးမှာ ခဏချ၊ ကတုတ်ကျင်း တွေ ကနေ ထွက်ပြီး ဘောလုံး ကစားခဲ့ကြတာပါ။စစ်ပွဲကြောင့် ကမ္ဘာအနှံ့ကဘောလုံးလောကဟာ ပျက်စီးမှု တွေ အများကြီး ကြုံခဲ့ရပါတယ်။စစ်တပ်ထဲကိုဝင်လာတဲ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားအများစုဟာ လည်းနေရပ်ကိုဘယ်တော့မှပြန်မလာနိုင်ကြတော့ပါဘူး။အများစုကလည်းစစ်ပွဲကရတဲ့စိတ်ဒဏ်ရာတွေနဲ့ကျန်ရစ်ခဲ့ကြပါ တယ်။ ပထမကမ္ဘာစစ်အပြီး ၁၉၁၉-၂၀ ဘောလုံးရာသီမှာတော့ ပွဲတွေပြန် ကျင်းပခဲ့ပြီးပရိသတ် အလုံးအရင်းနဲ့ပြန်အားပေးလာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုတိယကမ္ဘာစစ်ထဲကို ဗြိတိန်ပါလာတာက ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၁၉၃၉-၄၀ ဘောလုံးရာသီက ပွဲတွေကို အမြန်ရပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ လေကြောင်းက တိုက်ခိုက်လာမှာတွေ ကိုစိုးရိမ်မှုတွေရှိနေ ပြီး၊ အားကစားပွဲတွေ၊ လူစုနိုင်တဲ့နေရာတွေ နဲ့ခရီးသွားလာတွေကို ကန့်သတ်လာနေတာကြောင့်ပွဲတွေ ပိတ်လိုက်ဖို့ သူတို့ဆုံးဖြတ်လိုက်ရတာပါ။
ပထမကမ္ဘာစစ်တုန်းကနဲ့မတူတာက "Wartie Leagues" စစ်ပွဲကာလ ဘောလုံးပွဲတွေဆက်ကစားခဲ့ကြ တာပါ။ အဲ့ဒီပွဲတွေထဲက တချို့ပွဲတွေကို တောင် ဘီဘီစီကထုတ်လွှင့်ခဲ့ ပါသေး တယ်။ဗိုလ်လုပွဲတွေမှာဆိုရင် ပုံမှန်အားဖြင့်ပရိသတ်၅သောင်းကျော်ပတ်ဝန်းကျင် လာအား ပေးကြပါတယ်။ဒေသတွင်းလိဂ်ပွဲတွေမှာ လည်း ပွဲကျင်းပတဲ့ပုံစံကိုမကျေနပ်တာ နဲ့ပွဲကစားတဲ့အချိန်တွေမှာလည်း မထင်မှတ်တဲ့ ပြသာနာတွေ ရှိခဲ့ပါတယ်။လိဂ်ပြိုင်ပွဲကျင်းပတဲ့ သူတွေ နဲ့ကလပ် တွေကြား အငြင်းပွားမှုဖြစ်ခဲ့တာရှိပြီး လန်ဒန်အခြေစိုက် ကလပ်အသင်းကြီးတွေဦး ဆောင်ပီး ၁၉၄၁-၄၂ ဘောလုံးရာသီမှာ ပြိုင်ပွဲကနေနှုတ်ထွက်သွားကြတာလည်း ရှိပါတယ်။ ပြီးတော့ ရှေ့နောက်မညီတဲ့ ဧည့်သည်ကစားသမားထည့်ကစားတဲ့ စနစ်ကိုလည်း ပရိတ်သတ်တွေ က မကြိုက်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်စစ်အတွင်းမှာတောင် ဘောလုံးပွဲတွေ ဆက်ကျင်းပနိုင်တာက အပေါင်းလက္ခဏာတခုလို့မြင်ကြပြီး ဗြိတိန်ရဲ့ကြီးမားတဲ့ ကိုယ်ပိုင် သင်္ကေတတခုကိုလည်းပြနိုင်တယ်လို့ လည်းယူဆနေကြပါတယ်။ဒါးမွန့်ဖို့ဒ် တက္ကသိုလ် အား ကစား သမိုင်းနဲ့ယဉ်ကျေး မှုနိုင်ငံတကာစင်တာက သမိုင်းပါမောက္ခ မက်သရှုးတေလာကလည်း စစ်အတွင်းဘောလုံး ပွဲတွေက ဗြိတိသျှလူမှုယဉ်ကျေးမှုရဲ့ဗ ဟိုအချက်အချာအဖြစ်ပြနိုင်ခဲ့ ပါတယ်လို့ပြောခဲ့ပါတယ်။
၁၉၄၅ စက်တင်ဘာ၂ရက်နေ့မှာ ဒုတိယကမ္ဘာစစ် ပွဲကြီး တရားဝင်ပြီးဆုံးသွားပြီးတော့ ၁၉၄၆-၄၇ ဘောလုံးရာသီပွဲတွေပြန်စဖို့အချိန်ရောက်လာပါတယ်။စစ်ပွဲပြီးလို့ဘောလုံးပွဲတွေပြန်ကျင်းပခွင့်ရပေမယ့်လည်း ကံမကောင်းစွာနဲ့အခြားပြသာနာတွေနဲ့ရှေ့မှာဆက်ကြုံရပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇွန်လမတိုင်မီ အထိပဲ ကစားခဲ့ရ
စစ်ဖြစ်ခဲ့ရလို့တိုင်းပြည် ဒေဝါလီ ခံရမလိုဖြစ်နေတာ၊ လောင်စာဆီပြသာနာတွေ ရှိနေတာနဲ့ တဖက်မှာ လည်း လိုအပ်နေ တဲ့အခြေခံအဆောက်အအုံတွေပြန်ကောင်းလာအောင်လုပ်ဖို့ဆိုတာက အဲဒီအချိန်က တိုင်းပြည်အတွက်လိုအပ်ချက် ဖြစ်ပါတယ်။ဒါကြောင့်ကုန်ထုတ်စွမ်းအားတွေတိုး တက်လာဖို့အလုပ်သမား တွေ အလုပ်ပိုလုပ်ဖို့လိုလာနေလို့ သီတင်း ပတ်အလယ်မှာ ကစားရမယ့် အားကစားပွဲတွေ ရပ် ပေးဖို့ အစိုးရက အဆိုပြုတောင်းဆိုလာပါတယ်။ ဒီလို အစိုးရဘက်နေ အဆိုပြုတာတွေ မလုပ်ခင်မှာလည်း အရမ်းအေး တာနဲ့ နှင်းတွေအများကြီးကျလာတာတွေကြောင့် သီတင်းပတ်ကုန်မှာ ကျင်း ပတဲ့ ဘောလုံးပွဲ စဉ် ၇ပွဲကို ဖျက်ပေး ထားရပြီးဖြစ်ပါတယ်။
အဲ့လိုအခြေနေတွေကြောင့် အသင်းတွေရဲ့လက်ရှိရပ်တည်မှုအနေအထားအတိုင်း ဆုံးဖြတ်ပီးတော့ ပွဲတွေကိုရပ်လိုက်မလား၊ ဒါမှမဟုတ် ပွဲမရပ်ပဲ ဆက်ကစားမလားဆိုတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဘောလုံး အဖွဲ့ချုပ် အ နေနဲ့ အခက်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အစိုးရရဲ့အဆိုပြုချက်ကို လိုက်နာတဲ့အနေနဲ ့ပွဲတွေကို ဇွန်လမတိုင်ခင်အထိပဲ ဆက်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဆုံးဖြတ်ချက်ချ လိုက်တဲ့ အချိန်မှာ ဝှဖ်လ်အသင်းဟာ ပထမတန်းမှာ တပွဲလျော့ ၄မှတ်အ သာနဲ့၊ ဒုတိယနေရာ က လီဗာပူးရှေ့ကဦးဆောင်နေပီး၊ဘလက်ပူး အသင်းကတော့တတိယနေရာမှာရှိ နေပါတယ်။ ကြေညာချက်ထုတ်ပီး နောက်ပိုင်းမှာ ပွဲတွေဆက်တိုက်ကစားရပြီး နောက်ဆုံးတပွဲကျန်တဲ့အချိန် မှာ တော့ ဝုလ်ဖ်၊လီဗာပူးနဲ့ စတုတ်ခ်တို့ တမှတ်အကွာနဲ့ အမှတ်ပေးဇယားထိ ပ်မှာ ရပ်တည်နေကြပါတယ်။ နောက်ဆုံးကစားမယ့်ပွဲမှာ ဝုလ်ဖ်က လီဗာပူးကိုနိုင်ရင် ချန်ပီယံဖြစ်နိုင်ပေမယ့် ၂ဂိုး၁ဂိုးနဲ့ရှုံးသွား လို့ချန် ပီယံဆု ကို လီဗာပူးကို လက်လွှတ်လိုက်ရပါတယ်။ နောက်ထပ်အဆုံးအဖြတ်ပွဲ အဖြစ် ရှက်ဖီးယူနိုက်တက် နဲ့ကစားခဲ့တဲ့ စတုခ်ကလည်း ၂ဂိုး၁ဂိုးနဲ ရှုံးခဲ့လို့ လီဗာပူး ချန်ပီယံဖြစ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စံချိန်တင်အေးတဲ့ ရာသီဥတု
၁၉၆၃ခုနှစ် ဇန်နဝါရီလဟာ ရာစုနှစ်အတွင်း ဗြိတိန်ရဲ့ အအေးဆုံးလဖြစ်ခဲ့သလို ၊ ၁၉၆၂-၆၃ ဆောင်းရာသီ ကလည်း ၁၇၄ဝခုနှစ်နောက်ပိုင်း အင်္ဂလန်ရဲ့ အအေးဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒီဇင်ဘာနဲ့မတ်အတွင်းမှာ ကျတဲ့နှင်းတွေက ပေ၂ဝထိအောင်ရှိခဲ့ပြီး ၊ မြစ်ချောင်းတွေနဲ့ရေကန်တွေဟာလည်း အနှတ် ၂ဝဒီဂရီ စင်တီ ဂရိတ် အောက်မှာ အေးခဲကုန်ပါတယ်။
ဒါကြောင့် ရပ်ဘီပွဲတွေ မြင်းပွဲတွေကိုရပ်ခဲ့ရသလို ဘောလုံးပွဲတွေအများကြီးကိုလည်း ရွေ့ဆိုင်းခဲ့ ရပါတယ်။ အထူးသဖြ င့်အက်ဖ်အေဖလားပွဲတွေ ကိုထိခိုက်ခဲ့တာပါ။ ဇန်နဝါရီ ၅ ရက်မှာစရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲတွေကို မတ်လ၁၁ရက်နေ့အထိ ၆၆ရက်ကြာ မကစားနိုင်ခဲ့ ပဲ၊ ပွဲ၂၆၁ပွဲ ရွှေ့ဆိုင်းခဲ့ရပြီး၊ ၁၆သင်းအဆင့်ပွဲတွေကို ၁၀ကြိမ်အ နည်းဆုံး ဖျက်ခဲ့ရပါတယ်။
အနုတ် ဒီဂရီအပူချိန်အောက်မှာကစားခဲ့ရတဲ့ပွဲတွေထဲမှာ တပွဲတည်း ပွဲအများဆုံးရွှေ့ခဲ့ရတဲ့ပွဲ ကတော့ Airdrie နဲ့ Stranraer တို့ ရဲ့ စကော့တလန် ဖလားပွဲပါ။ တပွဲတည်းပွဲရွှေ့တာအများ ဆုံး ဗြိတိသျှ စံချိန် တင်ခဲ့ပါ တယ်။ပွဲ ကို ၃၃ကြိမ်တောင် ရွေ့ခဲ့ရပြီး ၃၄ကြိမ်ကျမှ Airdrie က ၃ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။ ပွဲတွေနားထားရတဲ့ ရက်၇၀ အတွင်းမှာ ပိုပူနွေးတဲ့ရာသီကိုရဖို့ တချို့အသင်းတွေကြိုးစားတဲ့ အနေနဲ့ ချဲလ်ဆီး သင်းက မော်လ် တာမှာ သွားကျင့်ခဲ့ပါတယ်။ ကိုဗင်ထရီနဲ့မန်ချက်စတာယူနိုက်တက်အသ င်းတို့ကလည်း အိုက်စလန်မှာ ချစ်ကြည်ရေးပွဲ သွား ကစားခဲ့တာရှိပါတယ်။ ဟားလီးဖက်စ်လို တီထွင်ကြံဆမှုရှိတဲ့ အသင်း ကတော့ သူတို့ကွင်းကို ရေခဲပြင်စကိတ်ကွင်းလုပ်ပြီး လူတွေ အသုံးပြုနိုင်အောင် ဖန်တီးခဲ့ပါတယ်။
နှင်းတွေပျော်ကျသွားတဲ့အချိန် မတ်လ ထဲရောက်လာတော့ ဘောလုံးပွဲတွေ ပြန်စခဲ့ပြီး ပွဲတွေအများကြီး ဆက်တိုက်ကစားခဲ့ရပါတယ်။ ပြီးတော့ ဧပြီလကုန်မှာ ပြီးရမယ့် ဘောလုံးရာသီကိုလည်း တလတိုးကျင်း ပခဲ့ရပါတယ်။ အဲ့ဒီနှစ်ဘောလုံးရာသီအတွက် ပထမတန်း အမှတ်ပေး ချန်ပီယံဆုကို အဲ ဗာတန်အသင်း ရရှိခဲ့တာပါ ။ဒီချန်ပီယံဆုဟာ စစ်ပွဲကာလအပြီးနောက်ပိုင်းအဲဗာတန်အသင်းရဲ့ပထမဆုံးချန်ပီ ယံဆုဖြစ်ပါ တယ်။အက်ဖ်အေဖလား ချန်ပီယံဆုကိုတော့ မန်ချက်ယူနိုက်တက်အသင်းက ရခဲ့တာပါ။ ဒီဆုဖလားဟာ မန်ယူ အသင်း မြူးနစ်လေယာဉ်ပျက်တာကြုံရပီးနောက်ပိုင်း ၅နှစ်အကြာမှာ ပထမဆုံး ပြန်ရခဲ့တဲ့ ချန်ပီယံ ဆုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
caption -
အီတလီမှာ လည်းဘောလုံးပွဲတွေရပ်နားခဲ့ရတာ ရှိ
ဘောလုံးပွဲတွေရပ်နားရွေ့ဆိုင်းရတဲ့ကိစ္စက အင်္ဂလိပ်ဘောလုံးလောက တခုတည်း ကြုံခဲ့ရတာတော့ မဟုတ်ပါဘူး။တခြားတိုင်းပြည်တွေမှာ လည်း ကြုံခဲ့တာရှိသလို အီတလီမှာ လည်း လွန်ခဲ့တဲ့ နှစ်တရာ တုန်းက ကြုံခဲ့ရဖူးပါတယ် ။ အဲ့ဒီတုန်းက ဘောလုံးပွဲရပ်နားခဲ့ရပြီးနောက် နောက်ဆက်တွဲ ရလာဒ် တခုကလည်း အခုခေတ်လာဇီယို ပရိသတ်တွေ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။
ခေတ်သစ်ဘောလုံးပွဲတွေမတိုင်ခင် အီတလီမှာ ပထမဆုံးဘောလုံးပွဲတွေရပ်နားခဲ့ရတာက ပထမကမ္ဘာစစ်ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အီတလီရဲ့ ဘောလုံးပွဲ ကျင်းပတဲ့ ပုံစံက ခုခေတ်ပုံစံနဲ့မတူပါဘူး။ ဒေသအလိုက် မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ ပွဲတွေ ခွဲကျင်းပခဲ့ပြီး၊တနိုင်ငံလုံး ချန်ပီယံအသင်း အနေနဲ့ အဲ့ဒီ ချန်ပီယံ၂သင်း ပြန်ဗိုလ်လုကြတာပါ။
စစ်ထဲကို အီတလီ ဝင်ပါလာတဲ့ အချိန်တုန်းက လာဇီယိုအသင်း ဟာတောင်ပိုင်း ချန်ပီယံအသင်းဖြစ် နေပါပြီ။ ဒါပေမယ့် မြောက်ပိုင်းမှာတော့ တပွဲကန်ဖို့ကျန်နေသေးပြီး ၊ တိုရီနို၊အင်တာမီလန် နဲ့မီလန်အသင်း တို့ရဲ့ရှေ့ မှာဂျီနိုယာ အသင်းက ထိပ်ဆုံးမှာရှိနေပါတယ်။ ဒါပေမယ့် ပွဲတွေရပ်နားထားရပြီး ၄နှစ်အကြာ ၁၉၁၉မှာတော့ အီတလီ ဘောလုံးအဖွဲ့ချုပ် Scudetto က ပွဲကို ဆက်မစားခိုင်းတော့ပဲ ဂျီနိုယာအသင်းကို ၁၉၁၅ချန်ပီယံဆုပေးအပ်လိုက်ပါတယ်။ ဘာကြောင့် ဂျီနိုယာကို ချန်ပီယံဆု ပေးလိုက်ရသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ ခုချိန်ထိရှင်း ရှင်းလင်း လင်းမသိရသေးပါဘူး ။၁၉၁၅မှာဂျီနိုယာအသင်း ချန်ပီယံဖြစ်ခဲ့တာနဲ့ပတ်သ က်လို့ လည်း အခုချိန်အထိ အငြင်းပွားမှုတွေ ဆက်ရှိနေပါတယ် ။ လက်ရှိအချိန် စီးရီးအေအမှတ်ပေးဇယားမှာ ဂျုဗင်တပ်စ်အသင်း ထိပ်ဆုံးမှာ ရှိနေပြီး လာဇီယိုအသင်း ကလည်း ဒုတိယနေရာ မှာရှိနေတာကြောင့် အရင် ကြုံခဲ့ရသလို မျိုး ကြုံရတော့မှာ မဟုတ်ဘူးလို့ လာဇီယို ပရိသတ်တွေ မျှော်လင့်နေကြမှာ သေချာပါတယ်။








