ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် နဲ့ သဘောထားခြင်း မတိုက်ဆိုင်လို့ အလုပ် ကနေ ထုတ်ပယ်
အမေရိကန် နိုင်ငံ ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန် ကို သမ္မတ ဒေါ်နယ် ထရမ့် က ရာထူး ကနေ ထုတ်ပယ် လိုက်ပါတယ်။
ဒါဟာ သုံးနှစ် အတွင်းမှာ နိုင်ငံ လုံခြုံရေး အတွက် သမ္မတ ကို အကြံပေး နေတဲ့ လူ သုံးယောက်မြောက် အလုပ်ထုတ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဂျွန် ဘော်လ်တန် ရဲ့ အကြံပေး ပြောဆိုမှုတွေ နဲ့ သဘောထားခြင်း မတိုက်ဆိုင် တော့တဲ့ အတွက် အလုပ် ကနေ ထုတ်ပယ် ခဲ့တာလို့ ဒေါ်နယ် ထရမ့် က လူမှု ကွန်ရက် Twitter မှာ ရေးသား ပါတယ်။
ဒါပေမယ့် ဂျွန် ဘောလ်တန် ကတော့ သူ့ အနေနဲ့ အလုပ် ကနေ ထွက်ခဲ့တာ သာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
သူတို့ နှစ်ဦးဟာ နိုင်ငံခြား ရေး မူဝါဒ ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက် သဘောထား တွေ ရှိခဲ့ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မြောက်ကိုရီးယား၊ အီရန် နဲ့ ဗင်နီဇွဲလား နိုင်ငံတွေ နဲ့ ဆက်ဆံရေး ကိစ္စ တွေမှာ အကြီးအကျယ် သဘောထား ကွဲလွဲ ခဲ့ ပုံ ရတယ်လို့ လေ့လာသူ တွေက သုံးသပ်ပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့မှာ တာလီဘန် ခေါင်းဆောင် တွေ နဲ့ သမ္မတ တို့ ငြိမ်းချမ်းရေး ကိစ္စ အတွက် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ် ထားပြီးမှ ဒေါ်နယ် ထရမ့် က ဖျက်သိမ်း ခဲ့တဲ့ ကိစ္စကိုလည်း ဂျွန်ဘော်လ် တန် က ဝေဖန် မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် အလုပ် ထုတ်ခံရမှု နဲ့ ပတ်သက်လို့ လူတွေက ထင်မြင်ယူဆချက်တွေ အသီးသီး ပြောဆို ကြပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို ကလည်း သူ့ နဲ့ ဂျွန်ဘော်လ်တန် အကြားမှာ သဘောထားခြင်း မတိုက်ဆိုင် တဲ့ အကြောင်းအရာ အများအပြား ရှိတယ်လို့ ပြောပါတယ်။
ဒီမိုကရက် ပါတီ ခေါင်းဆောင် တွေ ကလည်း ဒီကိစ္စ အပေါ်မှာ ရောထွေး တဲ့ အမြင်မျိုး ရှိနေပြီး၊ ဒေါ်နယ် ထရမ့် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ ဖရိုဖရဲ ဖြစ်နေပြီလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ က ပြောပါတယ်။
သမ္မတလောင်း အဖြစ် ဝင်ရောက် အရွေးခံမယ့် အဲလိဇဘက် ဝါရန် ကလည်း အိမ်ဖြူတော်မှာ ဂျွန်ဘော်လ်တန် မရှိတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။
အီရန် သမ္မတ ရဲ့ အကြံပေး ဖြစ်သူ ဟက်စ်မက် အရှီနာ ကတော့ သမ္မတ ထရမ့် ရဲ့ အီရန် အပေါ် အလုံးစုံ ဖိအား ပေးရေး ဆိုတဲ့ မူဝါဒ ဟာ အလုပ်မဖြစ် ဘူး ဆိုတာ ကို ပြသနေတာ လို့ ပြောကြားခဲ့ပါတယ်။