ဟောင်ကောင်မှာ လမ်းတွေပိတ်လို့ ခရီးသွားတွေ လေဆိပ်ကို လမ်းလျှောက်သွား

ရထားဘူတာနားမှာ မီးရှို့ခံထားရတဲ့ အတားအဆီးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရထားဘူတာနားမှာ မီးရှိုခံထားရတဲ့ အတားအဆီးတွေ
ရေးသားခဲ့သည်။

ဟောင်ကောင် ဆန္ဒပြသူတွေဟာ ပိုမို ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီရေး တောင်းဆိုမှု လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ဆောင်မှု အဖြစ် ဟောင်ကောင် လေဆိပ် လည်ပတ်မှုတွေကို တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ လေဆိပ် အဆောက်အအုံရဲ့ အပြင်ဘက်တွေမှာ စုဝေးနေခဲ့ကြလို့ ခရီးသွားတွေ အထဲကို ဝင်ဖို့ လူတန်းရှည်ကြီးနဲ့ တန်းစီ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

လေဆိပ်ကို သွားတဲ့ ရထားလိုင်းက ပိတ်ထားလိုက်ပြီး လေဆိပ်အနီးအနား တစ်ဝိုက်မှာလည်းကားလမ်းတွေ ပိတ်ဆို့နေခဲ့ပါတယ်။ ဒါကြောင့် ခရီးသည်သွားတချို့ဟာ လမ်းဆင်းလျှောက်ပြီး လေဆိပ်ကို သွားကြပါတယ်။

လေဆိပ်သွား အဝေးပြေးလမ်းမကြီးပေါ်က ဆန္ဒပြသမားတွေကို ကျော်ဖြတ်လာခဲ့တဲ့ ခရီးသွားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေဆိပ်သွား အဝေးပြေးလမ်းမကြီးပေါ်က ဆန္ဒပြသမားတွေကို ကျော်ဖြတ်လာခဲ့တဲ့ ခရီးသွားတွေ

လေဆိပ်မှာ လေယာဉ်တွေ ထွက်ခွာနေပေမဲ့ နှောင့်နှေးတာတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

အခု ဆန္ဒပြမှုဟာ သြဂုတ်လ ၃၁ ရက် ညပိုင်းက ဆန္ဒပြမှုတွေမှာ မီးရှို့တာတွေ၊ လွှတ်တော်ကို အိမ်လုပ်ဗုံးတွေနဲ့ ပစ်တာတွေ နဲ့ ရဲက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် ဖြိုခွင်းတာတွေ ဖြစ်ပွားခဲ့ အပြီးမှာ ဆက်ဖြစ်ခဲ့တာပါ။

ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ သုံးလကတည်းက စတင်ခဲ့တာ ဖြစ်ပြီး တရုတ်ပြည်မကြီးကို အကျဉ်းသား လွှဲပြောင်းရေး ဥပဒေကြမ်း ပယ်ဖျက်ပေးဖို့ တောင်းဆိုရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

မြို့ထဲက ဆန္ဒပြမှု တွေမှာတော့ ဆန္ဒပြသူလို့ ယူဆသူတွေကို ရဲက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် နှိမ်နင်းခဲ့တယ်။ ထောင်ချီတဲ့ ဆန္ဒပြသူတွေက မြို့ထဲက လမ်းတွေ ပေါ် စုဝေးလာကြ အပြီး ရဲက အဲဒီလို နှိမ်နင်းခဲ့တာပါ။

ဆန္ဒပြသူတွေ ပါမပါ ရထားပေါ်လိုက်စစ်နေတဲ့ ရဲတွေ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေ ပါမပါ ရထားပေါ်လိုက်စစ်နေတဲ့ ရဲတွေ

ရဲတွေက လူတွေကို နံပါတ်တုတ်နဲ့ ရိုက်နှက်တာ ရထားတစ်စင်း ပေါ်မှာ လူတွေကို ငရုတ်ကောင်းအရည်နဲ့ ဖြန်းတာတွေ လုပ်ခဲ့ပါတယ်။

စနေနေ့တုန်းက ဟောင်ကောင် ရွေးကောက်ပွဲတွေကို ဒီမိုကရေစီ နည်းလမ်း ပြည့်ပြည့်ဝဝနဲ့ ကျင်းပဖို့ တရုတ်ပြည်မကြီးက တားဆီးတာ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မီးရှို့တာတွေ၊ လွှတ်တော် အဆောက်အအုံကို အိမ်လုပ်ဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ လုပ်ခဲ့ကြတယ်။

ဆန္ဒပြသူတချို့ကို ရဲကဖမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတချို့ကို ရဲကဖမ်း

ရဲတွေကလည်းမျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေနဲ့ မီးသတ်ပိုက်တွေနဲ့ ရေဖြန်းပြီး လမ်းတွေပိတ်နေတာကို ရှင်းခဲ့ပါတယ်။

အခု နောက်ဆုံး ဆန္ဒပြမှုတွေဟာ ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ထင်ရှားတချို့ ဖမ်းဆီးခံရအပြီးမှာ ဆက်ဖြစ်နေခဲ့တာပါ။

ဗီဒီယို ပုံစာ, ဟောင်ကောင် ဆန္ဒပြသူတွေ ပါလီမန်ကို ဘာကြောင့် စီးနင်းခဲ့သလဲ