ကိုရီးယား နွယ်ဖွား ဆန်ဒရာ အို အကောင်းဆုံး သရုပ်ဆောင် ရွှေကမ္ဘာလုံးဆု ဆွတ်ခူး

အာရှနွယ်ဖွားတွေ အတွက် အလွန် လေးနက် တဲ့ ဆုပေးပွဲလို့ ဆန်ဒရာ အို ကြွေးကြော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာရှနွယ်ဖွားတွေ အတွက် အလွန် လေးနက် တဲ့ ဆုပေးပွဲလို့ ဆန်ဒရာ အို ကြွေးကြော်
ရေးသားခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ က ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အာရှ နွယ်ဖွား အမျိုးသမီး သရုပ်ဆောင် တဦး ပထမဆုံး အနေနဲ့ အစီအစဉ် တင်ဆက် သူ အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ်။

သူကတော့ တောင်ကိုရီးယား နွယ်ဖွား ကနေဒါနိုင်ငံသူ ဆန်ဒရာအို ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံး ဆုပေးပွဲ အစီအစဉ် စတင်ကြောင်း ကြေညာတဲ့ အချိန်မှာ အပြောင်းအလဲ တွေ အမှန်တကယ် ဖြစ်ပေါ် ခဲ့ပြီလို့လည်း သူက ဆိုခဲ့ပါတယ်။

နောက်ပြီး သူဟာ ဘီဘီစီ က စီစဉ် တင်ဆက်တဲ့ Killing Eve ဆိုတဲ့ ဒရာမာ ရုပ်သံ ဇာတ်လမ်း တွဲ ကနေ အကောင်းဆုံး သရုပ် ဆောင် ရွှေကမ္ဘာလုံး ဆု ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်း ၄၀ အတွင်းမှာ အာရှ နွယ်ဖွား တယောက် ရဲ့ အမေရိကန် ရွှေကမ္ဘာလုံး သရုပ်ဆောင် ဆု ဆွတ်ခူး ရရှိမှုလည်း ဖြစ်ပါတယ်။ ကိုရီးယား နွယ်ဖွား ကနေဒါ သူ ဟာ ဆု လက်ခံ ရယူ တဲ့ အချိန်မှာ သူ့ရဲ့ မိဘ တွေကို အထူး ကျေးဇူး တင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောဆိုခဲ့ပြီး ဦးညွှတ် နှုတ် ဆက် ခဲ့ပါတယ်။

Weeping during @IamSandraOh's win. Not only am I seeing someone like myself on the #goldenglobes... I just heard one who sounds like me and saw parents who look like mine. Bravo

ဓာတ်ပုံ ရင်းမြစ်, SandyLeeTV

ဆန်ဒရာ အို ရွှေကမ္ဘာလုံး ဆု ဆွတ်ခူး ရရှိမှု ကို တောင်ကိုရီးယား နိုင်ငံက လူငယ်တွေ အကြားမှာ အထူးအလေးထား ပြောကြားနေကြပါတယ်။ ဒါဟာ အာရှ နိုင်ငံတွေရဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ ဆု ရရှိမှု လို့လည်း သူတို့က ဆိုပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲ နှုတ်ခွန်းဆက် စကား ပြောရာမှာတော့ စင်မြင့်ပေါ် ကို တက်ဖို့ သူ့ အနေနဲ့ ကြောက်ရွံ့နေခဲ့ကြောင်း၊ ဒါကလည်း အာရှ အမျိုးသမီး ကို နေရာပေးလာတဲ့ ပြောင်းလဲမှုကို တွေကို တွေ့မြင့်ရတာ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အော်စကာ ဆုပေးပွဲက အလွဲအမှား

နောက်နှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ ဒီလိုမျိုး ဖြစ်ချင်မှ ဖြစ်မှာ ဆိုပေမယ့် လက်ရှိ အချိန်အခါကသာလျှင် အဖြစ်မှန် အဖြစ် မြင်တွေ့ ရပြီး အပြောင်းအလဲ တွေကို အားလုံး က မြင်တွေ့ နိုင်ပြီလို့လည်း ဆိုခဲ့ပါတယ်။

နောက်ပြီး အဖေ နဲ့ အမေ ကို ချစ်ကြောင်း နဲ့ ကျေးဇူး တင်ကြောင်း ကိုရီးယား လို ပြောဆို ခဲ့ပြီး ဦးညွှတ် နှုတ်ဆက် ခဲ့ပါတယ်။

ဆန်ဒရာ အို က ဟောလီးဝုဒ် ရုပ်ရှင် တွေမှာ အာရှ နွယ်ဖွား တွေရဲ့ ပုံရိပ် တွေ များပြာလာမှု ကိုလည်း ချီးကျူး ခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်းမှာ နာမည် ကျော် ခဲ့တဲ့ Crazy Rich Asians ရုပ်ရှင် ကိုလည်း ချီးမွမ်း သွားခဲ့ပါတယ်။

Sandra Oh is EVERYTHING. Her speech thanking her parents in Korean!!!

ဓာတ်ပုံ ရင်းမြစ်, NANCYWYUEN

ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ လူဖြူတွေ လွှမ်းမိုးမှု များနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဝေဖန်ခဲ့ပြီး Aloha ရုပ်ရှင် နဲ့ Ghost in the Shell ရုပ်ရှင် တွေထဲ မှာ အာရှနွယ်ဖွား ဇာတ်ရုပ်တွေရဲ့ နေရာမှာ လူဖြူ သရုပ်ဆောင် တွေကို ထည့်သွင်း ရိုက်ကူး ခဲ့တာကိုလည်း သူက ဝေဖန် ခဲ့ပါတယ်။

ဒီနှစ် ရွှေ ကမ္ဘာလုံး ဆုပေးပွဲမှာ ဆန်ဒရာ အို အပြင် ဖိလစ်ပိုင် နွယ်ဖွား ဒါရင် ခရစ် ကလည်း Limited ရုပ်သံ ဇာတ်လမ်း တွဲ နဲ့ အကောင်းဆုံး သရုပ်ဆောင် ဆု ကို ဆွတ်ခူး ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ကို ရရှိခဲ့တဲ့ ဒါရင် ခရစ် ကလည်း ဖိခင် ဖြစ်သူ ဖိလစ်ပိုင် အမျိုးသမီး ကို ချီးကျူး စကား ဆို ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ကို ရရှိခဲ့တဲ့ ဒါရင် ခရစ် ကလည်း ဖိခင် ဖြစ်သူ ဖိလစ်ပိုင် အမျိုးသမီး ကို ချီးကျူး စကား ဆို ခဲ့

နောက်ပြီး အာရှ သရုပ်ဆောင် တွေ ဦးဆောင် ခဲ့တဲ့ Crazy Rich Asians ရုပ်ရှင် ကလည်း ရွှေကမ္ဘာလုံး ဆု အတွက် ခန့်မှန်း ချက်တွေ ထွက်ပေါ် ခဲ့ပေမယ့် ဆု ဆွတ်ခူး ရရှိခြင်းတော့ မရှိပါဘူး။

ဒီနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အာရှ နွယ်ဖွား တွေ ရေပန်း စားခဲ့ရုံတင်မက အမျိုးသမီး သရုပ်ဆောင်တွေ ဦးဆောင် ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ဆု ကို ရရှိခဲ့တဲ့ ရက်ဂျီနာ ကင်း က သူ ထုတ်လုပ် တဲ့ ရုပ်ရှင်တွေမှာ အမျိုးသမီး အမျိုးသား အချိုးအစား ညီမျှမှု နဲ့ ထုတ်လုပ် မယ်လို့လည်း ဆိုခဲ့ပါတယ်။

အခုနှစ် အတွက် Golden Globe အကောင်းဆုံး ရုပ်ရှင် နဲ့ TV ထူးချွန်ဆုပေးပွဲမှာ နာမည်ကျော် Queen ဂီတ အဖွဲ့ရဲ့ အဓိက အဆိုတော် Freddie Mercury အကြောင်း ရိုက်ကူးထားတဲ့ Bohemian Rhapsody ဇာတ်ကားက ဆုကြီးတွေ ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင် ဇာတ်လမ်း ဆု ရရှိခဲ့ပြီး Rami Malek က အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုရခဲ့ပါတယ်။

အမေရိကန် Green Book ရုပ်ရှင် က လည်း အကောင်းဆုံး ဂီတ ဇာတ်မြူး ဆုကို ရရှိခဲ့တဲ့ အပြင် အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုနဲ့အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုတို့လည်း ရခဲ့ကြပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက လူမည်းစန္ဒရားဆရာ နဲ့ သူ့ကားဒရိုင်ဘာတို့ လူမျိုးဘာသာ ခွဲခြားမှုတွေ ရှိနေတဲ့ အမေရိကန် တောင်ပိုင်းမှာ ခရီးလှည့်လည်ကြတဲ့ အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အကောင်းဆုံး ဟာသ သရုပ်ဆောင် မင်းသမီးဆုကို The Favourite ဆိုတဲ့ ခေတ်ဟောင်း ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ Olivia Colman က ဆွတ်ခူးခဲ့ပါတယ်။

မင်းသား Christian Bale ကတော့ Vice ဆိုတဲ့ ဇာတ်ကားမှာ အကောင်းဆုံး ဟာသ သရုပ်ဆောင်ဆု ရခဲ့ပါတယ်။