လွမ်းသူ့ဗိမာန်Taj Mahal အရောင်ပြောင်းတာ အိန္ဒိယအစိုးရ စိုးရိမ်

Taj Mahal
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ကမ္ဘာကျော် Taj Mahal လွမ်းသူ့ဗိမာန်ရဲ့ အရောင် ပြောင်းလဲ လာတာကို စိုးရိမ်မိတယ်လို့ အိန္ဒိယ ဗဟိုတရားရုံးက ပြောပါတယ်။

၁၇ ရာစုက မဂို ဘုရင် Shah Jahanက Taj Mahalကို စကျင်ကျောက် အဖြူနဲ့ တည်ဆောက်ခဲ့တာပါ။

ဒါပေမယ့် Taj Mahal ဗိမာန် ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုနဲ့ အဆောက် အအုံတွေ ဆောက်လုပ်မှုကြောင့် ဒီဗိမာန်ရဲ့ အရောင်ဟာ ပြောင်းလာတယ်လို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး Taj Mahalရဲ့ အရောင်ဟာ အရင်က အဖြူရောင်ကနေ အဝါရောင် သန်းရာက ခုတော့ အညိုနဲ့ အစိမ်းရောင် သန်းလာတယ်လို့ အိန္ဒိယ ဗဟိုတရားရုံးက ပြောပါတယ်။

Taj Mahal

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယနဲ့ ပြည်ပက ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူဖို့လည်း တိုက်တွန်းထားပါတယ်။

Taj Mahal ဂူဗိမာန် အနီးနားက ထောင်ချီတဲ့ စက်ရုံတွေကို အိန္ဒိယ အစိုးရက ပိတ်ခဲ့ပေမယ့် ဒီဗိမာန်က စကျင်ကျောက်က တောက်ပမှုတွေ ပျောက်လာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ Taj Mahal ဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာ တခု ဖြစ်သလို နေ့စဉ် လူ ခုနှစ်သောင်းလောက် လာရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။