ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါလက်စတိုင်း မိန်းမပျိုကို အစ္စရေး စစ်ခုံရုံး အရေးယူ
အစ္စရေး နိုင်ငံ စစ်ခုံရုံး တစ်ခုကနေ အသက် ၁၆ နှစ် အရွယ် ပါလက်စတိုင်း မိန်းမပျိုကို အစ္စရေး စစ်သားတွေ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပုဒ်မတပ် စွဲဆို လိုက်ပါတယ်။
အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမှာ၊ အာဟိဒ် တာမီမီ ဆိုတဲ့ ပါလက်စတိုင်း မိန်းကလေးငယ်နဲ့ အစ်မဝမ်းကွဲတို့ဟာ အစ္စရေး စစ်သား နှစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ လုပ်ခဲ့ကြပြီး၊ အာဟိဒ် တာမီမီက ကိုယ်ထိလက်ရောက် တွန်းတာ ရိုက်တာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယို အပိုင်းအစဟာ ဆိုရှယ်မီဒီယာတွေပေါ် အင်မတန် ပြန့်သွားခဲ့ပါတယ်။
အစ္စရေး စစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းမငယ်ကို သူရဲကောင်း တစ်ဦးသဖွယ် သဘောထားနေတဲ့ ပါလက်စတိုင်း တော်တောများများ ရှိပါတယ်။
အစ္စရေး သိမ်းပိုက်မှုကို အံတု တွန်းလှန်သူ အဖြစ် အာဟိဒ် တာမီမီ အပေါ် ချီးကျူး ပြောဆို နေကြတာ ဖြစ်ပါတယ်။
အာဟိဒ် တာမီမီရဲ့ အိမ်အနီး ပေါ်ပေါက်ခဲ့တဲ့ အခုဖြစ်ရပ် မတိုင်ခင် တုန်းကလည်း၊ အစ်ကို ဖြစ်သူကို ဖမ်းဖို့ ကြိုးစားနေတဲ့ အစ္စရေး စစ်သားကို ပါးစပ်နဲ့ ကိုက်နေတဲ့ တာမီမီရဲ့ ဗီဒီယို ရှိခဲ့ဖူးပါတယ်။
မိသားစုရဲ့ သွေးထိုး မြှောက်ပင့်မှုတွေကြောင့် အဲဒီ မိန်းကလေးငယ် အခုလို ရန်လိုနေတာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။