လက်ရှိ ချန်ပီယံ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီတို့ တစ်အုပ်စုတည်းကျခဲ့ ယူရို ၂၀၂၀

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, ဥရောပတိုက်က နိုင်ငံပေါင်း ၁၂နိုင်ငံမှာ ပူးတွဲ ကျင်းပမှာ ယူရို ၂ဝ၂ဝ
ရေးသားခဲ့သည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို မနေ့က မဲနှိုက် ရေးဆွဲခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုတွေကတော့ စိတ်ဝင်စားစရာတွေ ပါခဲ့ပြီး ပရိသတ် ကြိုက်ကြမယ့် ပွဲကောင်းတွေလည်း ပါပါတယ်။

အုပ်စု ပွဲစဉ်တွေကို မဲခွဲအပြီးမှာတော့ လက်ရှိ ချန်ပီယံ ပေါ်တူဂီဟာ အုပ်စု ကျပ်အတွင်းမှာ ပါဝင်ခဲ့ပြီး နာမည်ကြီး ဂျာမနီ၊ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ ရင်ဆိုင်ရမှာပါ။ နာမည်ကြီး အင်္ဂလန်က အုပ်စု ချောင်ခဲ့ပြီး နယ်သာလန်၊ အီတလီတို့လည်း ကစားရ လွယ်မယ့် အုပ်စုတွေထဲ ရောက်ခဲ့ကြပါတယ်။

ယူရို ပြိုင်ပွဲကြီးကိုတော့ လာမယ့် ၂၀၂၀ခုနှစ် ဇွန်လ ၁၂ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီနှစ် ယူရိုပြိုင်ပွဲက ခါတိုင်းနှစ်တွေက ပြိုင်ပွဲမျိုးမဟုတ်ဘဲ ဥရောပတိုက်က နိုင်ငံပေါင်း ၁၂နိုင်ငံမှာ ပူးတွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ၁၆နိုင်ငံက လျောက်ထားခဲ့ကြပြီး ၁၂နိုင်ငံက ရွေးချယ်ခံခဲ့ရတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, အီတလီဟာ အုပ်စုမှာ အိမ်ရှင်ဖြစ်ပီး ဖွင့်ပွဲကို လက်ခံကျင်းပမှာပါ

အုပ်စု A

၁၆ကြိမ်မြောက် ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကို မဲခွဲအပြီးမှာတော့ အုပ်စု A မှာ အိမ်ရှင်ဖြစ်တဲ့ အီတလီ၊ တူရကီ၊ ဆွစ်ဇာလန်နဲ့ ဝေးလ်စ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ အိမ်ရှင် အီတလီက အဖွင့်ပွဲအဖြစ် တူရကီအသင်းနဲ့ ဇွန်လ ၁၂ရက်နေ့မှာ ရောမမြို့က အိုလံပစ်ကွင်းကြီးမှာ ကျင်းပမှာပါ။ ဒီအုပ်စုမှာ အီတလီ အပြင် အဇာဘိုင်ဂျန် နိုင်ငံကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားလို့ အခြားအုပ်စု ပွဲတွေကို ကစားမှာ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း အီတလီအတွက် နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးများတဲ့ အနေအထားပါ။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, ဒီအုပ်စုမှာ ဒိန်းမတ်နဲ့ ရုရှားတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထား

အုပ်စု B

အုပ်စု B မှာတော့ မဲမခွဲခင်ကတည်းက ၃သင်းကို အားလုံးလည်း သိထားပြီးသားပါ။ အိမ်ရှင်ဖြစ်ကြတဲ့ ဒိန်းမတ်၊ ရုရှားတို့နဲ့ ဘယ်ဂျီယံ ပါဝင်ခဲ့ပြီး မဲနှိုက်ရေးဆွဲတော့ ဖင်လန် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအုပ်စု ပွဲတွေကို ဒိန်းမတ်နဲ့ ရုရှားမှာ ကျင်းပမှာဖြစ်ပြီး ဒိန်းမတ်က သူ့ရဲ့ အိမ်ကွင်းမှာ ၃ပွဲစလုံး လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။

ATL

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, ချန်ပီယံဟောင်း နယ်သာလန်အတွက် အုပ်စု ချောင်တယ်လို့ ဆိုရမှာပါ

အုပ်စု C

အုပ်စု C မှာတော့ ချန်ပီယံဟောင်း နယ်သာလန်နဲ့အတူ ယူကရိန်း၊ သြစတြီးယားတို့ပါဝင်ပါတယ်။ ကျန် ၁သင်းကတော့ UEFA Nations Leagu ပြိုင်ပွဲက အဆင့် သတ်မှတ်ချက် ၄မှာရှိတဲ့ အသင်းတွေထဲက တစ်သင်းတက်မှာပါ။ အဲ့ဒီ ၄သင်းက ဂျော်ဂျီယာ၊ ဘီလာရုစ်၊ မက်ဆီဒိုးနီးယားနဲ့ ကိုဆိုဗိုတို့ ဖြစ်ပြီး ၁သင်း တက်ခွင့်ရမှာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, အင်္ဂလန်ဟာ ယူရိုမှာ ပထမဆုံး ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေသလို ဒီပြိုင်ပွဲမှာ ရေပန်းအစားလည်းဖြစ်

အုပ်စု D

အုပ်စုD မှာတော့ နာမည်ကြီး အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလား ဖိုင်နယ်တက်ခဲ့တဲ့ ခရိုအေးရှား၊ ချက်တို့ ပါဝင်ပါတယ်။ ကျန်တစ်သင်းကတော UEFA Nations Leagu ပြိုင်ပွဲ အဆင့် သတ်မှတ်ချက် ၃ ရှိတဲ့ အသင်းတွေဖြစ်တဲ့ စကော့တလန်၊ အစ္စရေး၊ နော်ဝေး၊ ဆားဘီးယားတို့ရဲ့ Play Off ပွဲက တက်လာမယ့် အသင်းပါ။ အင်္ဂလန်ဟာ သူတို့ ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေကွင်းကြီးမှာပဲ အုပ်စုပွဲတွေ အားလုံးကို လက်ခံကျင်းပရမှာဖြစ်ပြီး ကျန်ပွဲတွေကိုတော့ စကော့တလန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရေရော၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲတွေ ကန်ရမယ့် အိမ်ရှင်ဖြစ်လို့ အင်္ဂလန်ဟာ ဒီနှစ် ယူရိုပြိုင်ပွဲမှာ ရေပန်အစားဆုံး အသင်းဖြစ်လာပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, ၃ကြိမ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ စပိန်အတွက် သိပ်ပြီး ခက်ခဲမယ့် အုပ်စုမဟုတ်ပေမယ့် အကြိတ်အနယ်ရှိနိုင်မယ့် အုပ်စုပါ

အုပ်စု E

အုပ်စု E မှာတော့ ၃ကြိမ် ချန်ပီယံဟောင်း စပိန်နဲ့အတူ ဆွီဒင်၊ ပိုလန်တို့ ပါဝင်ပြီး UEFA Nations Leagu ပြိုင်ပွဲ အဆင့် သတ်မှတ်ချက် ၂က ဘော့စနီးယား၊ မြောက်အိုင်ယာလန်၊ ဆလိုဗက်ကီးယားနဲ့ အိုင်ယာလန်တို့ထဲက တစ်သင်း တက်ခွင့်ရမှာ ဖြစ်ပါတယ်။ စပိန်ဟာ အိမ်ကွင်းမှာ ၃ပွဲစလုံးကို လက်ခံကျင်းပခွင့်ရမှာ ဖြစ်ပြီး ကျန်ပွဲတွေကို အိုင်ယာလန်မှာ လုပ်မှာ ဖြစ်ပါတယ်။ ၃ကြိမ် ချန်ပီယံ စပိန်အတွက် အိမ်ကွင်းမှာ ကန်ရမှာဖြစ်သလို ခြေစွမ်းကလည်း အကောင်းဆုံး ဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ များနေပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, လက်ရှိ ချန်ပီယံ ပေါ်တူဂီ၊ အိမ်ရှင် ဂျာမနီ၊ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ပါဝင်တဲ့ အုပ်စုကျပ်ပါ

အုပ်စု F

အုပ်စု F ကတော့ ဒီနှစ် ယူရို ပြိုင်ပွဲရဲ့ စိတ်ဝင်စားမှု အကောင်းဆုံးနဲ့ အကျပ်ဆုံး အုပ်စုလို့လည်း ပြောရမှာပါ။ လက်ရှိ ချန်ပီယံ ပေါ်တူဂီနဲ့အတူ အိမ်ရှင် ဂျာမနီ၊ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ကျန် ၁သင်းကတော့ UEFA Nations Leagu ပြိုင်ပွဲ အဆင့် သတ်မှတ်ချက် ၁က အိုက်စလန်၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီတို့ထဲက အနိုင်ရတဲ့ တစ်သင်း အုပ်စု ကျပ်ထဲ လာရောက်မှာပါ။ ဒီအုပ်စုမှာ ထူးခြားတာက Nations League တုန်းက တစ်အုပ်စုတည်း ကျခဲ့ကြတဲ့ ဂျာမနီနဲ့ ပြင်သစ် အပြင် ၂၀၁၆ ယူရို ဖိုင်နယ်တုန်းက တွေ့ခဲ့ဖူးတဲ့ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ပွဲတွေပါ။ အိမ်ရှင်ဖြစ် ဂျာမနီက သူတို့ရဲ့ အုပ်စု ၃ပွဲစလုံးကို လက်ခံကျင်းပခွင့်ရမှာဖြစ်ပြီး ကျန်ပွဲတွေကိုတော့ ဟန်ဂေရီနိုင်ငံမှာ လုပ်မှာဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, ပြိုင်ပွဲဝင် ၂၄သင်းကနေ ၁၆သင်း နောက်တစ်ဆင့် တက်ရောက်ခွင့်ရမယ့် ယူရို ၂၀၂၀

၁၆သင်းတက်ခွင့်ရမယ့် ရှုံးထွက်

ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ၂၀၁၆တုန်းကလိုပဲ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၄သင်းအထိ ဝင်ခွင့်ရမှာဖြစ်ပြီး နောက်တစ်ဆင့် ရှုံးထွက်ကို ၁၆သင်းအထိ တက်ခွင့်ရမှာပါ။ ထိပ်ဆုံး ၂သင်းစီအပြင် အုပ်စု ၆ခုက အကောင်းဆုံး တတိယ ၄သင်းပါ တက်ခွင့်ရမှာဖြစ်လို့ အသင်းကြီးတွေ အားလုံးအတွက် အခွင့်အရေးရှိနေကြတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, နာမည်ကျော် ၃ယောက် ထိပ်တိုက်တွေ့မယ့် အုပ်စု F

ဖွင့်ပွဲနဲ့ ပိတ်ပွဲ

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၁၂ရက်နေ့ အီတလီနိုင်ငံ ရောမမြို့ အိုလံပစ် ကွင်းကြီးမှာ ဖွင့်ပွဲစတင်ကျင်းပမှာဖြစ်ပြီး အိမ်ရှင် အီတလီနဲ့ တူရကီတို့ ကစားကြမှာပါ။ ဗိုလ်လုပွဲ ကိုတော့ ဇူလိုင် ၁၂ရက်နေ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က နာမည်ကျော် ဝင်ဘလေကွင်းကြီးမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၂၀၁၆ က ပေါ်တူဂီ ချန်ပီယံဖြစ်ခဲ့သလိုမျိုး ဘယ်အသင်းတွေက နောက်ထပ် အံ့သြအောင်လုပ်နိုင်မလဲ၊ လက်ရှိ ချန်ပီယံကရော ချန်ပီယံဆုကို ကာကွယ်နိုင်မလား။ တစ်ကြိမ်မှာ ချန်ပီယံမဖြစ်ဖူးသေးတဲ့ ရေပန်အစားဆုံး အသင်းပီပီ ဘာတွေလုပ်နိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။