ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ဝ တပ်ဖွဲ့နဲ့ မိုင်းလား အဖွဲ့ အခြေစိုက်ဒေသတွေဆီ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ရောက်နေပြီး သီးခြားစီ ဆွေးနွေးနေ။

- စစ်မှုထမ်းဖို့ အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်တာတွေရှိသလို ပေါ်တာဆွဲခံရတာတွေ အပြင် လိုအပ်ချက်ရှိတဲ့ မြို့နယ်တွေဆီ အာဏာပိုင်တွေချင်း ညှိပြီး တပ်သားသစ် စုဆောင်းရေး တပ်တွေဆီ ပို့ဆောင်တာတွေရှိနေတဲ့ အပြင် ရန်ကုန်မှာ အမျိုးသမီးတစ်ဦး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီး သင်တန်းပို့ဆောင်ခံရ။ - အီရန်နဲ့ အမေရိကန် စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ပြီးနောက် ဟောမုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘော လေးစင်းထက်မနည်းဖြတ်။ - နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစိမ်းဈေး ၃ ရာခိုင်နှုန်း ကျသွား ပေမယ့် အမေရိကန်မှာ ဝေဖန်မှုတွေ ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကန် က ဟောမုဇ် ရေလက်ကြားဟာ အရင်ကတည်းက ဖွင့်ထားပြီးသားဖြစ်ကြောင်း ထောက်ပြ။ - အမေရိကန်-အီရန်စာချွန်လွှာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ရမယ်လို့ ဆိုထားပေမယ့် လက်ဘနွန်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေ။ - ပိုလန်မှာ ရုပ်ပြောင်ကာတွန်းဆရာလည်းဖြစ် ရုရှားအစိုးရ ဆန့်ကျင်သူ Semyon Skrepetsky ဆင်မုန်း ဆခရီပတ်စကီး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ရုရှား တယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ် ကပြော။ - အာဖဂန်နစ္စတန်မှာ အစိုးရဝန်ထမ်းတွေနဲ့ စစ်ဘက်ဝန်ထမ်းတွေ အလုပ်မှာ ဖုံးမသုံးရ တားမြစ်ပိတ်ပင်ချက် ဆယ်စုနှစ် တခုကြာ ချမှတ်ခဲ့ပြီးနောက် စမတ်ဖုန်းတွေကို လုပ်ငန်းခွင်ထဲ ယူခွင့်မပြုတော့ဘူးလို့ အစိုးရဝန်ထမ်းတွေက ဘီဘီစီကို ပြော။ - ပါပူဝါနယူးဂီနီမှာ ငါးမန်းတကောင် ရေထဲကထွက်ပြီး လမ်းလျှောက်နိုင်တဲ့ အတွက် ဒါကို ရေသတ္တဝါ မျိုးစိတ်သစ်တစ်ခုအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့။ - ဒေသတွင်းစစ်ပွဲတွေ တားဆီးဖို့ နိုင်ငံရဲ့စစ်ရေးစွမ်းရည် အားကောင်းဖို့ အရေးကြီးတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးShinjiro Koizumi ရှင်းဂျီရို ကိုအိဇုမိ ကပြောပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ဒေသတွင်း တင်းမာနေတဲ့ အခြေအနေနဲ့ နိုင်ငံရဲ့ စစ်အင်အားက လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်လို့ ထောက်ပြ။ - Women's Aid အဖွဲ့က လူထု အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ မနေ့က အင်္ဂလန်နဲ့ ခရိုအေးရှား ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် "The Other Kick Off" တခြားပုံစံနဲ့ကန်ကျောက်မှု လို့ အမည်ရတဲ့ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၉ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၈ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၇ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၆ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ