အိန္ဒိယက လူကုန်ကူး ခံရသူ အမျိုးသမီးများ
ရေးသားခဲ့သည်။
အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၃ က ခန့်မှန်းခြေလူသန်းပေါင်း ၂၀ ကနေ ၆၅ သန်းအထိ လူကုန်ကူးခံရပြီး အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်လို့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာ တခုထဲမှာ ဖော်ပြထားပါတယ်။ အတော်များများဟာ အလုပ်ကောင်းရမယ်ဆိုပြီး ဖျားယောင်းခံရကာ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ သွတ်သွင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီထဲက လွတ်မြောက်လာသူတွေ ရှိပေမယ့် လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့ကလည်း စိန်ခေါ်မှုတွေ ရှိနေပြန်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။