ကူးလ်တက် - Windows 10

ရေးသားခဲ့သည်။
start menu ကို အရင်ပုံစံနဲ့ Windows 8 က ပုံစံ ၂ ခု စလုံး တွဲသုံးထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, start menu ကို အရင်ပုံစံနဲ့ Windows 8 က ပုံစံ ၂ ခု စလုံး တွဲသုံးထားပါတယ်

ကွန်ပျူတာ တလုံး သက်ဝင် လှုပ်ရှားပြီး လုပ်ငန်း ဆောင်တာ များကို ခိုင်းစေ နိုင်တဲ့ အထိ ဆောင်ရွက် နိုင်ဖို့ အဓိက လိုအပ်တဲ့ မရှိ မဖြစ် ထည့်သွင်း ရမယ့် Operating System ဆိုတဲ့ OS နဲ့ပတ်သက်ပြီး အဓိက လွှမ်းမိုး ထားတဲ့ မိုခရိုဆော့ဖ် ကုမ္ပဏီရဲ့ Windows OS ကတော့ ဗားရှင်း ၁၀ အထိ ရောက်ရှိလို့ လာပါပြီ။

လာမယ့် ဇူလိုင်လ ကုန်မှာ ထွက်ရှိ တော့မယ့် မိုခရိုဆော့ဖ်ရဲ့ နောက်ဆုံး ထုတ် Windwos 10 အကြောင်း ဒီ တပတ် တင်ဆက် ပေးထား ပါတယ်။

အရင် ဗားရှင်း တွေနဲ့ မတူ နည်းပညာ ပိုင်း ဘယ်လို အဆင့်မြှင့် ထားလဲ။ တခါ နောက်ထပ် Windows ဗားရှင်းတွေ ထပ်လာဦး မှာလား စတာတွေကို ကူးတက် နည်းပညာ ကမ္ဘာထဲ ကနေ လေ့လာ တက်ဆက် ထား တာ ဖြစ်ပါတယ်။