ပဲခူးမြို့ နှစ် ၅၀ ကျော်အတွင်း အဆိုးဆုံး ရေကြီး
ရေးသားခဲ့သည်။
ပဲခူးမြို့ဟာ နှစ်ပေါင်း ၅၈ နှစ်အတွင်းမှာ အကြီးမားဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ လူတစ်ရပ်နဲ့ အထက် ရေမြုပ်နေပြီး တချို့နေရာတွေမှာ အိမ်ခေါင်မိုးအထိပါ ရေမြုပ်နေတာတွေ ရှိပါတယ်။ လူတစ်သောင်းသုံးထောင်ကျော် ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ ရေကြီးနေတဲ့အတွက် ပြည်သူတချို့ နေအိမ်တွေထဲမှာပိတ်မိနေပြီး ဒီနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ် ၂ နာရီအထိ ကူညီကယ်ဆယ်ရေးတွေ မရောက်လာသေးဘူးလို့ အကူအညီ လိုအပ်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။