အစ္စရေးနဲ့ ဟားမတ်စ် ၃ ရက်ဆိုက်တိုက် တိုက်ခိုက်ဆဲ
ရေးသားခဲ့သည်။
အစ္စရေးမှာ အစ္စရေးဘက်က လေကြောင်းကနေ စစ်ဆင်နေသလို ဟားမတ်စ် ဘက်ကလည်း ဒုံးကျည်တွေနဲ့ ပစ်ပြီး တတိယနေ့အဖြစ် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်က ဂါဇာအနီးတဝိုက်က နယ်မြေတွေကို ပြန်လည် ထိန်းချုပ်လာနိုင်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ လက်နက်ကိုင် တချို့ ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ယိုလန်းနဲလ်ရဲ့ သတင်းလွှာကို ကိုဘိုဘိုက ပြောပြမှာပါ။