တရိပ်ရိပ် တက်နေတဲ့ ဆီစျေးနှုန်းကို ထိန်းချုပ်မယ်လို့ ဆို
ရေးသားခဲ့သည်။
စားအုန်းဆီ စျေးနှုန်း ကျဆင်းရေး ရက်ပိုင်းအတွင်း လုပ်ဆောင်မယ်ဆိုပြီး စစ်ကောင်စီ ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက မနေ့က နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ စားအုန်းဆီ စျေးနှုန်းက တစ်ပိဿာကို တစ်သောင်းလောက်စျေးနှုန်းရှိနေပြီး ပြည်တွင်းက ဆီလုပ်ငန်းရှင် တချို့ကို သီးခြား ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။ အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။