၇၆ နှစ်မြောက် အာဇာနည်နေ့ နိုင်ငံအနှံ့ ကျင်းပ
ရေးသားခဲ့သည်။
ဒီကနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရွှေတိဂုံဘုရားမြောက်ဘက်မုခ်မှာရှိတဲ့ အာဇာနည်ကုန်းမှာ စစ်ကောင်စီက ဦးစီးပြီးကျင်းပခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေကို စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း က ဦးဆောင်တက်ရောက် ဂါရဝပြုခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေကို ဒုဝန်ကြီးချုပ်၊ ဝန်ကြီးအဆင့် ရှိသူသာ တက်ရောက်ဂါရဝပြုတဲ့အပေါ် နိုင်ငံရေးသမားတွေဘက်ကတော့ ဝေဖန်ပြောဆိုနေပါတယ်။ နိုင်ငံအနှံ့က အာဇာနည်နေ့အခမ်းအနားကျင်းပပုံတွေကို ကိုဝေဖြိုးကပြောပြမှာပါ။