ယူကရိန်းအတွက် အက်ဖ် ၁၆ လေယာဉ်မှူးတွေ နေတိုး လေ့ကျင့်ပေးမယ်
ရေးသားခဲ့သည်။
နေတိုး အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘဂ်က ယူကရိန်းအတွက် အက်ဖ် ၁၆ တိုက်လေယာဉ်မှူးတွေ ကို လေ့ကျင့်ပေးဖို့ နေတိုးမဟာမိတ်နိုင်ငံတချို့ ညွန့်ပေါင်းအဖွဲ့ တဖွဲ့ကို ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ လေ့ကျင့်မှုတွေကိုလည်း စောနိုင်သမျှ အစောဆုံး စတင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်ကမှ ယူကရိန်း သမ္မတ ဇလန်းစကီး တောင်းဆိုနေတဲ့ အဲဒီ ဂျက် တိုက်လေယာဉ်တွေ ပေးမယ်လို့ ပြောလာတာမျိုး မရှိသေးပါဘူး။ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဘီးလ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။