ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးပြော
ရေးသားခဲ့သည်။
နေပြည်တော်အချုပ်ထောင်တွင်းမှာထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့ ဇူလိုင်လ ၉ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုဟာတစ်နာရီကြာမြင့်ခဲ့တယ်လို့ ထိုင်းဘက်က ပြောပြီး အဲဒီမှာ ဘာတွေဆွေးနွေးခဲ့ပါသလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရဘက် ကရော ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်ပြောဆိုလာပါသလဲ။ အပြည့်အစုံကို ကိုဝေဖြိုး ပြောပြမှာပါ။