ကလလတက ဒုဥက္ကဋ္ဌ နာမည်နဲ့ ထုတ်ပြန်ချက်တစ်စောင်ကလည်း ပျံ့နှံ့လာနေ
ရေးသားခဲ့သည်။
ကရင်နီပြည်နယ်ထဲက မယ်စဲ့ဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ အကြား တိုက်ပွဲတွေ ဇွန်လ ထဲမှာ ပြင်းထန်ခဲ့သလို နယ်ခြားစောင့်တပ် အသွင်းပြောင်းထားတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ( ကလလတ ) က တော်လှန်ရေး အင်အားစုတွေနဲ့ သွားရောက်ပူးပေါင်းပြီးတဲ့နောက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်တဲ့အထိ နယ်မြေစိုးမိုးမှုတွေရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကလလတက ဒုဥက္ကဋ္ဌ နာမည်နဲ့ ထုတ်ပြန်ချက်တစ်စောင်ကလည်း ပျံ့နှံ့လာနေပါတယ်။ ဒါက ဘယ်လိုသဘောဆောင်ပါသလဲ။ အကြောင်းစုံကို မသီဒါနွယ်က ပြောပြပေးမှာပါ။