ပဲခူးတိုင်းအတွင်း စစ်ရေး အရှိန်မြှင့်မယ်

ဗီဒီယို ပုံစာ, ပဲခူးတိုင်းအတွင်း စစ်ရေး အရှိန်မြှင့်မယ်
ရေးသားခဲ့သည်။

ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်နေပြီဖြစ်လို့ ရန်ကုန် - မန္တလေးလမ်းဟောင်း/လမ်းသစ် အပါအဝင် လမ်းမကြီးတချို့ကို ပဲခူး - စစ်တောင်း လမ်းပိုင်းနဲ့ မွန်ပြည်နယ်ထဲက ရန်ကုန် - မုတ္တမ၊ ဘားအံလမ်းပိုင်းတွေကို ညနေ ၆ နာရီ ကနေ မနက် ၆ နာရီအတွင်း သွားလာတာမလုပ်ဖို့ PDF တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်နဲ့ကပ်နေတဲ့ ပဲခူးတိုင်းတတိုင်းလုံးမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ ‌ကာကွယ်ရေးတပ်တွေဘက်ကပြောလာပါတယ်။ ပဲခူးတိုင်းထဲ က စစ်ရေးနဲ့ ဒေသ အခြေအနေတွေနဲ့ လမ်းအသုံးပြုခွင့်ကန့်သတ်ချက်က လူထုအပေါ်ဘယ်လိုသက်ရောက်နိုင်လဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။