ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးစတင်

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးစတင်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်အဆောက်အဦးတွေနဲ့ မုန်တိုင်းသင့်ဒေသခံတွေကို ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်နယ်ကောင်စီဘက်က ပြောပါတယ်။ ရခိုင်ဒေသခံတွေ ယာယီနေရေးထိုင်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ တာပေါ်လင်စတွေ၊ သွပ်ပြားတွေနဲ့ စားနပ်ရိက္ခာတွေကို မုန်တိုင်းဒဏ်ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့မြို့နယ်တွေကို ဦးစားပေးပြီးတော့ ဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မုန်တိုင်းသင့် ဒေသခံတွေကတော့ အကူအညီတွေ သိပ်မရသေးဘူးလို့ ပြောနေပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးမှာပါ။