သံတမန် ယာဉ်တန်း ဆီဆိုင်မြို့နယ်ထဲမှာ ပစ်ခတ်ခံရ

ဗီဒီယို ပုံစာ, သံတမန် ယာဉ်တန်း ဆီဆိုင်မြို့နယ်ထဲမှာ ပစ်ခတ်ခံရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးနဲ့ စင်ကာပူသံရုံးဝန်ထမ်းတွေပါတဲ့ ယာဉ်တန်းဟာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်ထဲ မနေ့က ပစ်ခတ်ခံခဲ့ရပါတယ်။ လူသားချင်းစာနာမှု အကူညီတွေပေးဖို့ သွားချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပေမဲ့ အကူညီပေးရေးတွေရပ်မှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတက ဒီကနေ့ ထုတ်ပြောလာပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် သံတမန်တွေပါတဲ့ အကူအညီပေးရေးယာဥ်တန်း ပထမဆုံးပစ်ခတ်ခံရတဲ့နောက် ဘက်အသီးသီးက ဘယ်လိုပြောဆိုချက်တွေရှိလာလဲ။ အကြောင်းစုံကို ကိုဝေဖြိုးက ပြောပြပေးပါမယ်။