မြိုင်မြို့နယ်က တိုက်နယ်ဆေးရုံ ရှိတဲ့ရွာ လေကြောင်းက ပစ်ခတ်ခံရ

ဗီဒီယို ပုံစာ, မြိုင်မြို့နယ်က တိုက်နယ်ဆေးရုံ ရှိတဲ့ ရွာကို လေကြောင်းက ပစ်ခတ်
ရေးသားခဲ့သည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင်းက တိုက်နယ်ဆေးရုံရှိတဲ့ ကျေးရွာထဲမှာ လေကြောင်းက ပစ်ခတ်တာတွေရှိခဲ့ပြီး တပ်အင်အားတိုးချဲ့တာတွေရှိသလို လူ ဆယ်နဲ့ချီ ဖမ်းဆီးခံထားရပါတယ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုးလို့ လူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို ဒေသကာကွယ်ရေးတပ်ဘက်က ငါးဦး သေဆုံးပါတယ်။ အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။